#23

1.7K 244 5
                                    

[Unicode + Zawgyi]

လတွေကြာလာသည်နှင့်အမျှ တိုက်ခိုက်ရေးစွမ်းရည်ကလည်းတိုးတက်လာလေခဲ့သည်။

ဓားကိုကောင်းစွာ‌ကိုင်နိုင်ပြီး မြှားကိုလည်းပစ်မှတ်နဲ့အနီးဆုံးထိပစ်နေနိုင်ခဲ့ပြီ။
သို့ပေမဲ့..စစ်ပွဲနဲ့အတွေ့အကြုံမရှိသေးသောကြောင့် စစ်နည်းဗျူဟာတွေကိုတော့ လေ့လာနေတုန်းဖြစ်သည်။

စစ်တပ်ကိုဦးစီးသည့်စစ်သူကြီးမဖြစ်သည့်တမယ် ဘတ်ဟျွန်းကစစ်သူကြီးကျန်းရီနဲ့အတူ တက်နိုင်သည့်ဘက်ကနေ တပ်သားတွေအပေါ်သင်ကြားပေးသည်။

စစ်သူကြီးကျန်းရီကတိုက်ခိုက်ရေးဘက်ဆို..ဘတ်ဟျွန်းကစိတ်ဓာတ်ရေးရာပိုင်းမျိုးဖြစ်သည်။

ဗြောင်တိုင်းပြည်ရောက်တာကြာလာလေလေ ဘတ်ဟျွန်းဟာ အားလုံးကိုဂရုတစိုက်နဲ့အသေးစိတ်ကျကျပိုပိုလေ့လာဖြစ်ခဲ့သည်။

စစ်ဖြစ်မှာကိုတွေးမိခဲ့ပေမဲ့လည်း ငယ်ငယ်ထဲကနေတစ်လျှောက်လုံးကိုမောင်နှမတွေအဖြစ်နေခဲ့သောအစ်မတော်စပ်ခဲ့ဖူးသူ သူမနဲ့လက်ဆက်ရမည်ကို လက်မခံနိုင်ခဲ့တာကြောင့်..ငြင်းဆိုလိုက်ပြီး သူမကို သူမတိုင်းပြည်ဆီ အန္တရာယ်ကင်းစွာပြန်လည်ပို့ဆောင်ပေးခဲ့တော့..ရိုင်းပြစွာသောဆက်ဆံလာခဲ့သည့်အပြုအမူဆိုသည့်အချက်နှင့် ချီတက်လာပြီဖြစ်သောဗြောလ်စစ်တပ်က ရောက်ရှိလာတော့မည်။

ဗြောင်တစ်တိုင်းပြည်လုံးအုပ်အုပ်ကြပ်ကြပ်နဲ့ စိုးရိမ်ပူပန်နေကြပေမဲ့ ဗြောင်ဘုရင်ဖြစ်တဲ့ ဗြောင်မင်ဟန်ရဲ့ ပူပန်နေမှုကိုတော့ မည်သူကမှမှီမည်မထင်..

ငြိမ်းချမ်းရေးအတွက် ချစ်ရသောချစ်သူကိုပါအဆုံးရှုံးခံခဲ့ရသော ခမည်းတော်မင်းကြီးကိုပင်မျက်နှာပူမိသော်လည်း ဘတ်ဟျွန်းဟာဗြောလ်မင်းသမီးကို လက်ထပ်ဖို့အတွက် နည်းနည်းမှစိတ်မကူးမိပါ။

ဗြောင်တိုင်းပြည်အိမ်ရှေ့စံဖြစ်တဲ့ဘတ်ဟျွန်းချခဲ့သောဆုံးဖြတ်ချက်ကို ဗြောင်မင်းကြီးကလည်း ကန့်ကွက်ခြင်းမရှိခဲ့ဘဲ..အလွယ်တကူလက်ခံပေးခဲ့သည်ကို မည်သူကမှငြင်းဆိုခြင်းလည်းမရှိခဲ့ပါ။

Gorgeous Crown Prince ✔️Where stories live. Discover now