#17

2.2K 285 8
                                    

[Unicode + Zawgyi]

ဘယ်လောက်ထိပင်ပန်းနေလိုက်မလဲ... မိန်းကလေးတစ်ယောက်လိုနူးနူးညံ့ညံ့လေးနေထိုင်ခဲ့ပြီး လေဒဏ်..နေဒဏ်တောင်ထိတွေ့ခြင်းမရှိခဲ့တဲ့ဟျွန်းငယ်ဟာ...ဒီလိုနာကျင်မှု..ပင်ပန်းမှုဒဏ်တွေကို ရင်မဆိုင်နိုင်လောက်ဘူး...
ခက်ခဲတဲ့နာကျင်မှုတွေကို လက်ခံနိုင်ဖို့အတွက် ဟျွန်းငယ်ခံနိုင်ရည်မရှိနိုင်ဘူး...

တကယ်ဆိုဟျွန်းငယ်က ပန်းလေးလိုနူးညံ့ပြီး မေတ္တာတွေပြည့်နေတဲ့အရိပ်အောက်မှာ ပျော်ရွှင်မှုအတိနဲ့ စိတ်ချမ်းချမ်းသာသာပဲနေသင့်တဲ့သူပါ။

ချန်းယောလ်..သတိလစ်သွားတဲ့ဘတ်ဟျွန်းကိုပွေ့ချီပြီး တည်းခိုဆောင်ရောက်ကတည်းက အခုအချိန်ထိအနားကမခွာခဲ့ဘူး။
သွေးထွက်သွားတဲ့ လက်ကလေးတွေကို လက်တစ်ဖက်ကဖွဖွလေးဆုပ်ကိုင်လို့ထားသည်။
မှိတ်ကျနေတဲ့မျက်လုံးတွေအောက် နီရဲနေတဲ့ပါးမို့မို့တွေကို လက်မနဲ့အသာအယာထိပြီး စိတ်မကောင်းစွာကြည့်နေခဲ့ရသည်။

မုန်းတီးမှု..ဒေါသထွက်မှုတွေထက် ဝမ်းနည်းမှုကရင်ထဲလှိုက်ခနဲ..လှိုက်ခနဲဖြစ်ဖြစ်လာခဲ့ပြီး..သတိလစ်နေတဲ့ဘတ်ဟျွန်းကိုတစ်ခုခုဖြစ်သွားမှာ ချန်းယောလ်စိုးရိမ်နေသည်။

ကောင်လေးဖြစ်ပေမဲ့ နူးညံ့လွန်းတဲ့ဘတ်ဟျွန်းကို ချန်းယောလ်မနာကျင်စေချင်ပါ။
အစစအရာရာဖြည့်ဆည်းပေးပြီး ဘတ်ဟျွန်းကိုပျော်နေအောင်ပဲထားချင်နေသည်။
သို့ပေမဲ့ မသိနိုင်..မမြင်နိုင်သောကံကြမ္မာကို ချန်းယောလ်တားဆီးနိုင်မည်မထင်ပါသော်လည်း အသက်ရှင်နေသရွေ့ဘတ်ဟျွန်းကိုကာကွယ်သွားမည်မှာအသေချာပင်ဖြစ်သည်။

အချိန်တော်တော်လင့်လာပြီးနောက်မှာတော့ သတိလစ်နေတဲ့ဘတ်ဟျွန်းဟာ လှုပ်ရုန်းစပြုလာခဲ့သည်။
တချိန်လုံးအနားကမခွာခဲ့တဲ့ချန်းယောလ်ဟာ လှုပ်လာတဲ့ဘတ်ဟျွန်းကြောင့် မျက်လုံးလေးများဝင်းလာကာ စိတ်ပူစွာပဲ ဘတ်ဟျွန်းနဖူးကချွေးတွေကို လက်ဝါးပြင်နဲ့ပွတ်ပစ်လိုက်သည်။

"သတိရလာပြီ..ဘယ်လိုနေနေလဲ..တစ်နေရာရာကနာနေတာမျိုးရှိလား"

Gorgeous Crown Prince ✔️Where stories live. Discover now