(Unicode + Zawgyi)
အရင့်အရင်အချိန်တွေမှာ တိတ်တဆိတ်နဲ့ အမြဲလိုတစ်ယောက်ထဲရှိနေလေ့ရှိသော ထိုနေရာမှာ ယခုပင်တော့ သာယာသောအသံမျိုးတို့ဖြင့် စည်ကားလျက်ရှိသည်။
ဒီလိုအခြေအနေမျိုးကို ဘတ်ဟျွန်းတကယ်ပဲသဘောကျသည်။
အထီးကျန်သိလိုခံစားချက်မျိုး ပျောက်ကွယ်နေခဲ့သည်မှာ ချန်းယောလ်ထိုနေရာလေးကို ရောက်ခဲ့သည့်အချိန်ကအစပင်။
ချန်းယောလ်ရဲ့သင်ပြပေးမှုကြောင့် အခုအခါတွင် ဘတ်ဟျွန်းကော ဆယ်အာကော ဓားသိုင်းကိုတော်တော်လေးရင်းနှီးကျွမ်းဝင်လာခဲ့လေပြီ။
ဒီထက်လေ့ကျင့်မှုတွေပိုလုပ်ပါက ကျွမ်းကျင်လာလိမ့်မည်မှာလည်းအသေအချာပင်။
"မင်းသမီးတို့က တကယ်တော်ပါပေတယ် .. အခုတောင်တော်တော်လေးပေါက်ရောက်နေပြီ"
ဘတ်ဟျွန်းပြုံးသည်။
"ချန်းမင်းသားကို ဆယ်အာကကျေးဇူးတင်ပါတယ်"
ဆယ်အာစကားကြောင်း ဘတ်ဟျွန်းဆယ်အာကိုကြည့်လိုက်ပြီး ပြုံးနေဆဲ...
"ဓားသိုင်းအတွက်ကတော့ အခုသင်ထားတာကိုပဲလေ့ကျင့်ရင် ကိုယ့်ကိုယ်ကို ကာကွယ်နေနိုင်ပါပြီ .. လေးပစ်အတတ်ကတော့ အချိန်မမှီတော့မှာပဲစိုးတယ်"
"ချန်းယောလ်ကို ဗြောလ်ဟျွန်းကျေးဇူးတင်ပါတယ်..ဓားသိုင်းအတတ်နဲ့တင် လုံလောက်လုလုပါပဲ..လေးပစ်အတတ်ကတော့ နောက်များကြုံရင်ပေါ့ တဖန်သင်ရဖို့မျှော်လင့်မိပါတယ်"
ဓားကိုယ်စီကိုင်ကာ စကားမြည်းနေကြရင်း.. ရောက်ချလာသောလူတစ်စုကြောင့် ဆယ်အာ ဓားလေးလက်ထဲကပြုတ်ကျသွားခဲ့ရသည်။
"မင်းကြီး"
ဆယ်အာအသံကြောင့် ဘတ်ဟျွန်းစိုးထိတ်သွားခဲ့ရပြီး ဓားကိုကျစ်နေအောင်ကိုင်မိသွားသည်။
"ဗြောလ်ဟျွန်းဒါကဘာလုပ်နေကြတာလဲ"
ဗြောလ်ဟျွန်း တုန်ယင်နေသောအခြေအနေကိုထိန်းကာ နောက်နားက မင်းကြီးအသံလာရာဆီဖြေးဖြေးချင်းလှည့်လာလေတော့...မင်းကြီးဘေး ပြုံးယောင်ပြေးနေသော မျက်နှာနှင့်အစ်မတော်မင်းသမီး၂ကိုမြင်လိုက်သည့်အချိန် သဘောပေါက်သွားခဲ့သည်။