[Unicode + Zawgyi]
ဗြောလ်တိုင်းပြည်သည် ကျော်ကြားနေသာဂုဏ်သတင်းနှင့်အညီ အဝင်ဝမှစ၍စည်ကားတင့်တယ်လှသည်။ နောက်ဆုံးတော့၂ရက်တာခရီးနှင်လာရခြင်းအတွက် တန်ဖိုးအရှိဆုံးအချိန်ကိုရရှိလာခဲ့ပြီ။
တိုင်းပြည်အဝင်စမှ တဖြေးဖြေးဝင်လာခဲ့ပြီး အရင်ဆုံးနားခိုဖို့အတွက်အိပ်ဆောင်ကိုအရင်ဦးတည်ရှာရသည်။
တစ်ခါမှရောက်ဖူးခြင်းမရှိသောကြောင့်တဖြေးဖြေးသာဝင်လာနေရင်း ဗြောလ်တိုင်းပြည်၏အလှကိုတဝကြီးခံစားနေလေသည်။
ထိုတွင်..
"ရားးးး သေသင့်တဲ့အကောင်..သေကြသေကြ မြန်မြန်သေကြစမ်း"
ချန်းယောလ် အသံလာရာလမ်းကြားကိုကြည့်တော့ ခါအီကပါလိုက်ကြည့်လာခဲ့ပြီး အနားကိုတိုးသွားမိသည်။
"မြန်မြန်သေသင့်တဲ့ဟာတွေ အုပ်ချုပ်တဲ့မင်းကြီးကဒီလောက်ကြောက်ဖို့ကောင်းတာတောင် ဒီလိုမလောက်လေးမလောက်စားတွေကပြည်ထဲမှာရှိနေသေးတယ်လား.. လူမြင်ရင်လုမယ် ရိုက်မယ်ပဲတတ်တဲ့ဟာတွေ သေစမ်း"
"ဆယ်အာ သူသေသွားလိမ့်မယ်ရပ်တော့"
တစ်ချက်ပြီးတစ်ချက်ကိုစိတ်ရှိတိုင်းထိုးနေပြီးမှ တားမြစ်သံကြောင့်လှည့်ကြည့်မိတော့ ဘေးနံရံကိုကပ်ကာလည်ပင်းကိုညှစ်ခံထားရသောဘတ်ဟျွန်းကြောင့် ဆယ်အာနည်းနည်းတော့လန့်သွားရပေမဲ့ ဒေါသကပိုထွက်လာခဲ့သည်။
"အဲ့ငမိုက်ကောင်ကိုချုပ်ထားလိုက်"
"ဗြောင်လေး အဆင်ပြေရဲ့လား"
လည်ပင်းညှစ်ထားတာကို အဆင်ပြေနေရအောင် ဘတ်ဟျွန်းဟာလူယောင်ဆောင်နတ်သူငယ်လည်းမဟုတ်...
"ဆယ်အာ ဒဏ်ရာမရစေနဲ့"
ဆယ်အာလာချုပ်ထားတဲ့ဘေးကလူတွေကိုကန်ကြောက်ပစ်တော့ ဘတ်ဟျွန်းကိုလည်ပင်းညှစ်နေသောလူက ပိုတင်းကြပ်လာခဲ့သည်။
မွေးဖွားပြီးကြီးပြင်းလာကတည်းက မိန်းကလေးလိုသာကြီးပြင်းလာတာကြောင့် ၂ယောက်လုံးကသိုင်းပညာနှင့်မရင်းနှီး..ဆယ်အာကမြို့ထဲသွားလေ့လာလေ့ရှိပြီး တွေ့ဖူးမြင်ဖူးသိုင်းပညာရပ်တွေကို စူးစမ်းလေ့ရှိတာကြောင့် တစ်ကွက်နှစ်ကွက်တော့တတ်နေခဲ့သည်။ ဘတ်ဟျွန်းကတော့ သိုင်းပညာဆိုတာမမြင်ဖူး ဗျက်စောင်းတီး..ချည်ထိုး..ပန်းချီဆွဲ..ကဗျာရွတ်..စတဲ့ မိန်းမပျိုများကျွမ်းဝင်သော နူးညံ့ခြင်းများနှင့်သာအထိအတွေ့ရှိခဲ့ရလေသည်။