[Unicode + Zawgyi]
ဘယ်နှစ်ရက်ကြာမည်မှန်းမသိတဲ့ခရီးတစ်ခုကို မြင်းကိုယ်စီဖြင့်နှင်လာခဲ့ကြသည်။
မလိုအပ်သောစကားတစ်လုံးမှမဆိုမိကြဘဲ ကိုယ်စီမှာအတွေးတွေက ကြီးစိုးနေလေသည်။ဆယ်ဟွန်းနဲ့ ခါအီက အနောက်ဘက်ခပ်လှမ်းလှမ်းကနေ တရွေ့ရွေ့လိုက်လာနေပြီး ရှေ့ကသွားနေတဲ့မင်းသားနှစ်ပါးကို ကြည့်နေခဲ့သည်။
တစ်မြို့ပြီးတစ်မြို့ကို တစ်ရက်ပြီးတစ်ရက်ဖြတ်ကျော်လာပြီး ရောက်ရန်မလိုတော့သည့် ညနေစောင်းတစ်ခုမှာ..မနားသေးဘဲ ဆက်သွားဖို့သာဦးတည်နေတာကြောင့် ခါအီအသိပေးရသည်။
"နောင်တော် ဒီညတော့ဒီမြို့မှာနားကြရအောင်လား..ခဏနေဆိုမှောင်တော့မှာ.. ညဘက်ကြီးခရီးဆက်မယ်ဆိုအန္တရာယ်ရှိနိုင်တယ်"
ချန်းယောလ်ခေါင်းညိပ်ပြလာတော့ ခါအီကအရှေ့ကိုကျော်တက်သွားပြီး မြို့ထဲဝင်သွားကြကာ တည်းခိုဖို့စီစဉ်လေသည်။
ဆယ်ဟွန်းလည်း ဘတ်ဟျွန်းကိုကြည့်ပြီး ခါအီအနောက်သာ ကူရန်လိုက်သွားခဲ့သည်။
"ဗိုက်ဆာနေပြီလားဟျွန်းငယ်"
လမ်းတစ်လျှောက်လုံးစကားသာမပြောတာ ဘတ်ဟျွန်းကို ချန်းယောလ်တကြည့်ကြည့်နဲ့နေသည်။
ချန်းယောလ်အပြောကိုဘတ်ဟျွန်းခေါင်းခါပြပြီး ချန်းယောလ်ကိုတစ်ခုခုပြောဖို့အတွက် တွန့်ဆုတ်နေမိသည်။
"ချန်းယောလ်"
ချန်းယောလ်မြင်းကိုရပ်ပြီး ဘတ်ဟျွန်းပြောတာကိုနားထောင်လေတော့..ဘတ်ဟျွန်းက ချန်းယောလ်ကိုကြည့်နေလေသည်။
ဘတ်ဟျွန်းအမျိုးမျိုးတွေးကြည့်သည်။
အခေါက်အခေါက်အခါခါလည်းတွေးမိသည်။
သို့ပေမဲ့ပြောသင့်မပြောသင့်ကို ဘတ်ဟျွန်းအခုထိမဝေခွဲနိုင်သေး..."ချန်းယောလ်ကို ကျွန်တော်.."
"ဗြောင်လေး တည်းခိုဖို့နေရာရပြီ သွားကြရအောင်"
"ဆက်ပြောလေဟျွန်းငယ်"
ဘတ်ဟျွန်း ဆယ်ဟွန်းကိုကြည့်မိတော့သွားဖို့ခေါ်နေတာနဲ့ အားတင်းပြီးဖွင့်ပြောဖို့အတွေးကိုတားဆီးလိုက်ရသည်။