#29

1.7K 224 16
                                    

[Unicode + Zawgyi]

ခါအီရဲ့လျှောက်တင်လာချက်အရ ဘတ်ဟျွန်းနဲ့မေတ္တာရှိနေတာကို ဗြောင်မင်းကြီးသိသွားပြီဟူသောအသိက ချန်းယောလ်ကိုစိတ်လှုပ်ရှားမိပေမဲ့လည်း မဖြစ်မနေရင်ဆိုင်ရမည်ဖြစ်တာကြောင့် အကောင်းဆုံးနည်းကို ချန်းယောလ်စဉ်းစားကြည့်သည်။

ဘတ်ဟျွန်းကိုလည်းဒုက္ခမတွေ့‌စေချင်.. ဘတ်ဟျွန်းနဲ့ခွဲခွာရမည်ကိုလည်းမဖြစ်ချင်တာကြောင့် ဗြောင်မင်းကြီးခွင့်ပြုဖို့ကိုတောင်းဆိုရန် ဗြောင်မင်းကြီးနန်းဆောင်ဆီ ချန်းယောလ်တစ်ယောက်ထဲလာခဲ့လေသည်။

"မင်းကြီးနဲ့တွေ့ချင်လို့ပါ"

ဗြောင်မင်းကြီးရဲ့ခွင့်ပြုမိန့်အရ နန်းဆောင်ထဲဝင်လာခဲ့တော့ ဗြောင်မင်းကြီးက အကြမ်းရည်(ရေနွေးကြမ်း)ကို‌သောက်သုံးနေတာတွေ့ရသည်။

ချန်းယောလ်အနားကိုရောက်လို့အရိုအသေးပေးတဲ့အခါ ဗြောင်မင်းကြီးက အသိအမှတ်ပြုပေးသည်။

"ဒီအချိန်ကြီးတွေ့ချင်ရတာ ဘာကိစ္စများလဲ မောင်ရင်"

ချန်းယောလ်ဒူးထောက်ထိုင်ချလိုက်တော့ ဗြောင်မင်းကြီးအံ့ဩသွားပေမဲ့လည်း ပုံမှန်လိုပဲကြည့်နေလိုက်သည်။

"ကျွန်တော်နဲ့အိမ်ရှေ့စံမင်းသားဘတ်ဟျွန်းတို့က သာမန်ထက်ပိုတဲ့ဆက်ဆံရေးတစ်ခုရှိနေတာကို မင်းကြီးသိပြီးသွားတာ ကျွန်တော်သိပါတယ်"

"အခုလာတွေ့တာ အဲ့ကိစ္စအတွက်လား.. ငါမနက်ဖြန်မှလာတွေ့ဖို့ပြောထားတာပါ"

"မင်းကြီး အပြစ်ပေးရင် ကျွန်တော့်ကိုပဲပေးပါ... ဘတ်ဟျွန်းမှာအပြစ်မရှိပါဘူး"

ဗြောင်မင်းကြီးကနားထောင်နေရင်းအကြမ်း‌ရည်(ရေနွေးကြမ်း)ကိုမော့သောက်လိုက်သည်။

"ချန်းမင်းသားက ငါကိုယ်တော်တိုင်းပြည်နဲ့ပြည်သူတွေကိုကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ မင်းသားတို့ရဲ့မေတ္တာကဆက်တည်ရှိလို့မဖြစ်ဘူး.. ဒါကို ချန်းမင်းကြီးကလည်းလုံးဝလက်ခံမှာမဟုတ်ဘူး"

"မင်းကြီး ကျွန်တော်တောင်းဆိုပါတယ်.. ကျွန်တော်တို့အတွက်စဉ်းစားပေးပါဦး"

Gorgeous Crown Prince ✔️Where stories live. Discover now