#22

1.8K 232 11
                                    

[Unicode + Zawgyi]

အတွေးတွေရှုပ်ထွေးစွာ ဦးခေါင်းအတွင်းပြည့်နှက်လာခဲ့ပါသော်လည်း နှလုံးသား၏အလိုအရ အဖြေကတစ်ခုထဲထွက်၏။
ဘာမှဆက်မစဉ်းစားဘဲ အားလုံးထားခဲ့ဖို့လုပ်တော့.. ကျန်ခဲ့ရမည့်သူတို့၏မျက်နှာမဖော်ဝံ့အံ့အခြေအနေတွေကလွန်ဆွဲနေပြန်သည်။

ဘာအကြောင်းကြောင့်များ အခုလိုခက်ခဲစေရတာလဲ..
မဖြစ်နိုင်တဲ့အခြေအနေတွေအတွက် ဘာလို့များအခုလိုတွေဖြစ်လာစေခဲ့‌သေးလဲ..

မခံစားဖူးတဲ့ခံစားချက်တွေ..
မဖြစ်ဖူးခဲ့တဲ့တောင်းတမှုတွေ..
မကျခဲ့ဖူးတဲ့ မျက်ရည်စက်တွေ..
ဒါတွေဟာအခုတော့... ထိန်းချုပ်ဖို့ခဲယဉ်းစွာပဲ အရာရာဟာလွယ်ကူလွန်းနေခဲ့ပြီ။

ကူကယ်ရာကင်းမဲ့စွာနဲ့.. တွေ့ချင်လွန်းသည့်မျက်နှာတစ်ခုကိုမှန်းဆတမ်းတပြီး နာကျင်နေမိသည်က နေ့တွေဆက်ခဲ့ပြီ။

သူအဆင်မှပြေရဲ့လား..

ထိုအတွေးက နှစ်သိမ့်ဖို့ကင်းစွာ လူကိုအလွန်ပင်အဖြေခက်စေသည်။

မတွေ့ရတဲ့ရက်တွေကြာလာလေလေ တွေ့ချင်သည့်စိတ်ကလည်းပိုပိုများလာနေခဲ့သော်လည်း ဝေးကွာနေသည့်ဒေသတွေကြောင့် နှလုံးသားသာသူ့ဆီသွားနိုင်နေသည်။

ချန်းယောလ်ကြားရတဲ့သတင်းစကားရဲ့နောက်ဆက်တွဲအဖြေကိုလည်းမကြားဝံ့..သို့ပေမဲ့လည်း အဖြေ၏ရလဒ်ကိုကြောက်စိတ်နဲ့အတူသိချင်မိပြန်သည်။

သူသာခေါင်းညိပ်ဖြစ်ခဲ့ရင်... ဆိုသည့်အတွေးမျိုးဝင်လာတက်ခြင်းက လူကိုနှိပ်စက်လွန်းပြန်သည်။

သတင်းကြားပြီးထဲကလေ့ကျင့်ရေးကွင်းထဲလည်းမသွားဖြစ်တော့သလို..အိပ်ဆောင်အပြင်ကိုလည်းမထွက်ဖြစ်တော့ဘူး။

စားစရာလာရောက်ပို့တတ်သောအပျိုတော်တို့ကိုလည်း အော်ငေါက်ပစ်တတ်ပြီး အခါးရည်(အရက်)ကိုသာသောက်ဖြစ်နေသည်။

ရင်ထဲခံစားချက်တို့တင်းကြပ်နေစေပြီး..ပွင့်အံကျဖို့ရာ အနားတွင်ဘယ်သူမှရှိမနေခဲ့..

ခါအီကိုလည်းအခန်းထဲဝင်မလာရန်မိန့်ကြားထားပြီး တစ်ယောက်ထဲသာအချိန်တွေကုန်ဆုံးစေသည်။

Gorgeous Crown Prince ✔️Where stories live. Discover now