Final

2.8K 226 9
                                    

[Unicode + Zawgyi]

[[[ Warning!!!! ]]]
                           

ချန်းယောလ် ဘတ်ဟျွန်းကိုနားရအောင်ဆိုပြီး နှစ်ယောက်အတွက်အသေအချာပြင်ဆင်ထားပေးတဲ့နန်းဆောင်ဆီခေါ်လာခဲ့ကတည်းက အိပ်ယာခင်းပေါ်ထိုင်နေတဲ့ချန်းယောလ်ရင်ခွင်ထဲမှာ ဘတ်ဟျွန်းတစ်ယောက်ခွေခွေလေးဝင်ထိုင်ပြီးဖက်ထားတာကကြာနေခဲ့ပြီ။

"ဟျွန်းငယ်.. မင်းအရမ်းညိမ်နေတယ် နေမကောင်းဘူးလား"

ခါအီနဲ့ဆယ်ဟွန်းက ဗြောင်မင်းကြီးကို ချန်းပြည်နယ်အဆုံးထိလိုက်လံပို့ဆောင်ပေးတာကြောင့်စိတ်ချရပေမဲ့လည်း ဘတ်ဟျွန်းကညိမ်နေတာကြောင့် ချန်းယောလ်မေးလာသည်။

ရင်ခွင်ထဲကနေဘတ်ဟျွန်းခေါင်းခါပြနေတော့ ချန်းယောလ်ဖက်ထားတဲ့လက်တွေလျော့လာကာ ညိမ်နေတဲ့ဘတ်ဟျွန်းကိုခွာကြည့်ပေမဲ့ ဘတ်ဟျွန်းကဖက်ထားတာကိုပိုတင်းလာခဲ့သည်။

"ဒါဆိုဘာဖြစ်လို့လဲ"

"ဟင့်အင်း"

"ဟျွန်းငယ်"

"ကျွန်တော်က ဗြောလ်တိုင်းပြည်မှာဆို အစ်မတော်တွေလိုပဲခမည်းတော်လို့ခေါ်ခဲ့ဖူးတဲ့ဗြောလ်မင်းကြီးရဲ့ ချစ်တာကိုခံချင်ခဲ့တာ.. ဒါပေမဲ့အမြဲတမ်းလျစ်လျူရှုခြင်းခံခဲ့ရတာပါပဲ.. အဲ့အချိန်တွေတုန်းကဆိုရင် အိပ်မက်တွေထဲမှာတော့ ရယ်မောရဖူးပါတယ်..
ချန်းယောလ်ကိုပထမဆုံးတွေ့တော့ ချန်းယောလ်က ကျွန်တော့်ကိုစကားတွေအများကြီးပြောပေးတယ်.. ပြီးတော့အများကြီးဂရုစိုက်ပေးတယ်..ကျွန်တော်လေ တစ်ခါမှမခံစားဖူးတဲ့ခံစားမှုမျိုးခံစားခဲ့ရတယ်..
အဲ့ဒီနေ့ပြီးတော့လည်း ချန်းယောလ်ကိုထပ်တွေ့ချင်ခဲ့တယ်"

ဘတ်ဟျွန်းမော့ကြည့်လာတော့ ချန်းယောလ်ကစိုက်ကြည့်နေတာကြောင့် ဘတ်ဟျွန်း ချန်းယောလ်ရဲ့မေးစေ့ကိုလှမ်းနမ်းလိုက်သည်။

"ကျွန်တော်အဲ့ကတည်းကချန်းယောလ်ကိုချစ်‌သွားတာထင်တယ်"

ဘတ်ဟျွန်းရင်ခွင်ထဲပြန်တိုးဝင်လာတော့ ချန်းယောလ်ပြန်ဖက်ထားလာသည်။

"တကယ်ပဲချန်းယောလ်နဲ့ပြန်တွေ့ရတော့ ကျွန်‌တော်အရမ်းပျော်ခဲ့တာ.. ဒါပေမဲ့ ချန်းယောလ်ကမင်းသားတစ်ပါးဖြစ်နေခဲ့တော့ ကျွန်တော်မပျော်တော့ဘူး"

Gorgeous Crown Prince ✔️Where stories live. Discover now