Part 42(unicode)

6.6K 1.3K 165
                                    

Chapter 42;

ကျန်ချန်သည်အရက်ကြောင့်အသိပျောက်ပြီး
ဝေ့ဝါးနေသောအခြေအနေမျိုးမှာ သူ့လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထား၏။ကုဖေးမှာလက်အားတင်းတင်း ဆုပ်ကိုင်ခံထားရ၍ လက်ဆစ်
များပင်နာကျင်လာ၏၊သူ့လက်ဖဝါးထဲရှိကျစ်
နေအောင်ဆုပ်ခံထားရသောပူရှိန်းချိုချဥ်သည်
သူ့အရေပြားနှင့်တစ်သားတည်းဖြစ်တော့မည့်အတိုင်း။

ကုဖေးသည်ရီကျင်းအားမျက်လုံးထောင့်နားမှ
လှမ်းကြည့်လိုက်၏။ ရီကျင်းကဝမ်ရွှိရဲ့စကား
ထဲမှာစျာန်ဝင်လျက်ရှိသည်။ တခြားလူများက
စားရင်းသောက်ရင်းဖြင့်စကားပြောနေကာ သူ
တို့အခြေအနေအားသတိပြုမိတဲ့လူမရှိပေ။
ကျန်ချန်သည်သူ့လက်ကိုချေမွချင်နေသကဲ့သို့ ဆုပ်ကိုင်ထား၏။

ကုဖေး အသံနိမ့်ပြီး မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ။"

ကျန်ချန်ကတိတ်ဆိတ်နေသည်။ သူက နံရံကို
ခေါင်းမှီထားပြီး၊သူ့အကြည့်များကကုဖေးဆီ
မှာကပ်တွယ်နေ၏။ သူ့ရဲ့လက်ကိုမလွတ်ပေး
ချင်သကဲ့သို့တင်းတင်းဆုပ်ကိုင်ထားသည်။

သူတို့မျက်လုံးချင်းဆုံသွားသည့်အခါ ကုဖေး မျက်နှာလွှဲလိုက်ပြီး ဟင်းပွဲများနှင့်ပြည့်နေတဲ့
စားပွဲကိုအသံတိတ်ကြည့်လိုက်၏။

သူ့ရဲ့ဘယ်လက်သည် မအားလပ်၍ ညာလက်အားအသုံးပြုပြီးစားနေခဲ့သော်လည်း၊ကျန်ချန်က သူ့ညာလက်ကိုမလွတ်တမ်းဆုပ်ထား​ေသာ​ကြောင့်စားပွဲမှဟင်းလျာများကိုတိတ်တဆိတ်ငေးနေရသည်။

အမှန်အတိုင်းပြောရလျှင်,ကျန်ချန်ရဲ့အရက်ရှိန်ကြောင့်အသိစိတ်ယိုယွင်းမှုကအလွန်ဆုံးငါးမိနစ်ဆယ်မိနစ်ဖြစ်ပြီး၊ ပုံမှန်အသိစိတ်ပြန်ဝင်လာမည်
မှန်း သူသိ၏။ပြေလျော့သွားမည့် အရိပ်အယောင်
မရှိလောက်အောင် တင်းကျပ်စွာဆက်နွယ်ထား
သောလက်နှစ်သွယ်ကြောင့် သူ့အသိတရားများဆုံးရှုံးသွားရသည့်အလား နေမထိထိုင်မသာ ဖြစ်လာ၏။ သူ့အတွေးများသည်အံ့သြထိတ်လန့်မှုမှသိမ်မွေ့နူးညံ့မှုဆီသို့ ကူးပြောင်းလာ၏၊ကျန်ချန်ကဲ့သို့ကိစ္စတိုင်းကို လေးလေးနက်နက်တွေးတတ်ပြီးအထိအခိုက်မခံသောလူတစ်ယောက်၏အတွင်းစိတ်သည် ရေကာတာ ကျိုးကျသွားသကဲ့သို့ ခံစားချက်များပြည့်လျှံကျဆင်းလာသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now