Extra

5.7K 721 13
                                    


လူသားမျိုးနွယ်ကြားက နတ်မျိုးနွယ်နဲ့လူသားမျိုးနွယ်တို့ရဲ့ တားမြစ်ထားတဲ့ချစ်ခြင်းပုံပြင်တွေ ပေါများနေသည့်ကာလ....။

ချင်းဖုန်းရွှမ်ရဲ့ ပြစ်ဒဏ်လွတ်မြောက်အပြီး လေးလအကြာခန့်တွင်ဖြစ်သည်။

ဖုန်းရွှမ်တစ်ယောက် ကောင်းကင်မြို့တော်ရဲ့ပြစ်ဒဏ်ကလွတ်ထဲက မီးနိုင်ငံတော်တွင်သိပ်မမြင်ရပဲ လူသားမျိုးနွယ်တွေစီသာ ခြေဦးလှည့်နေလျက်ရှိတာကြောင့် တခြားသောမျိုးနွယ်ရဲ့တီးတိုးစကားသံတွေထဲမှာ မီးနိုင်ငံတော်ရဲ့အရှင်ကတော့ သူ့ရဲ့လူသားလေးကို ပြန်ရှာတွေ့သွားပြီဟူသောစကားသံတို့ ပျံ့လွင့်လျက်လည်းရှိသည်။

သို့သော် ချင်းဖုန်းရွှမ်နှင့်မီးနိုင်ငံတော်သည် ထိုသတင်းများကိုဂရုပြုမနေပါချေ။

ယခုနောက်ပိုင်း မီးနိုင်ငံတော်ရဲ့အခြေနေမှာ လွန်စွာကောင်းမွန်နေ၍ လေထုသည်လည်းကြည်ရှင်း၍နေသည်ဖြစ်လို့ မီးမျိုးနွယ်တို့လည်းပျော်ရွှင်နေကျပြီး
သူတို့အရှင်အနေနဲ့ လူသားလေးတစ်ယောက်ကို မီးနိုင်ငံကိုခေါ်လာဖို့မျှော်လင့်နေကျရှာသည်။

"ဖုန်းရွှမ်...ထပ်ပြီးပိုင်ကျင်းနိုင်ငံကဟွားမြို့တော်ကိုပဲလား"

အသံပိုင်ရှင်ကဒုတိယအရှင်ချီရှင်းဖြစ်ပြီး ဖုန်းရွှမ်ကမီးအရက်နှစ်အိုးကို ​သေချာထုတ်ပိုးနေတာကြောင့်မေးလိုက်ခြင်းပင်။

"အင်း...ဟုတ်တယ်"

စိတ်အေးလက်သာသာပြန်ဖြေလာသည့် ချင်းဖုန်းရွှမ်ပင်။
အတော်လည်းစိတ်ကြည်နေပုံရပြီး ပြစ်ဒဏ်ကလွတ်အပြီးခုနောက်ပိုင်းမှာ ဟိုးအရင်ကလို ပေါ့ပါးလွတ်လပ်သည့်ဖုန်းရွှမ်ရဲ့ပုံစံကိုပြန်မြင်လာရသည်။

"ဟုန်ကျစ်က မင်းအရင်တစ်ခေါက်ဝယ်လာတဲ့လက်ဆောင်ကို သဘောကျနေတာ"

"ထပ်ပြီးဝယ်လာပေးရမလား.."

"မဝယ်နဲ့တော့ ကြာရင်ငါ့အဆောင်လည်း ကစားစရာတွေပြည့်နေတော့မယ်"

ထို့သို့ပြောတော့ ရယ်သည်။
ခုနောက်ပိုင်း ဖုန်းရွှမ်ရဲ့အပြုံးအရယ်တွေက တကယ်ကိုပေါ့ပါးနေသည်ကို ချီရှင်းကောင်းကောင်းကြီးခံစားလို့ရသည်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now