part 20

10.7K 1.7K 116
                                    

"ပိုင်ဟွဲ့တောမှာ
မိစ္ဆာတွေအများကြီးပဲရှိနေတာကို
ဘယ်လိုရှာပြီးဖမ်းမှာလဲ
ပြီးတော့
ပိုင်ဟွဲ့တောကဆိုတာသေချာလို့လား"

စင်စစ်တော့အိမ်ရှေ့စံသည် ပိုင်ဟွဲ့တောနဲ့နဂါးမျိုးနွယ် ပြဿနာတတ်မှာကြောက်မိသွားခြင်းပင်။
အပြစ်ဒဏ်ပေးခံရခြင်းကနေ တနေ့ကမှလွတ်မြောက်လာသည့်ဇောင်လိကို
ထပ်ပြီး အင်အားရှိသည့်မျိုးနွယ်တွေရဲ့ မျက်မုန်းကျိုးခြင်းမခံရစေလို၍သာဖြစ်သည်။

အိမ်ရှေ့စံရဲ့ထိုစကားမှာ နဂါးပေါက်နှစ်ကောင်အား
ဇဝေဇဝါပင်ဖြစ်သွားစေသည်။
ပိုင်ဟွဲ့တောက သေချာရဲ့လားဆိုသည့်စကားက
ဟုတ်မနေခဲ့ရင် အကြောင်းသိမယ်ဆိုတဲ့ ခြိမ်းခြောက်မူကြီးပင်မဟုတ်ပါလား။

"သေချာတယ်လို့တော့ ပြောဖို့ခက်ခဲပါတယ်
ဒါပေမယ့် သတင်းအစနက
ပိုင်ဟွဲ့တောကနေပဲရနေတာဆိုတော့လေ"

စစ်ကျိုးမှာစကားကိုအကုန်မပြောဝံ့ပေ။
အိမ်ရှေ့စံက တင်းမာတဲ့အကြည့်တွေနဲ့ကြည့်နေသည်မဟုတ်ပါလား။

ထိုအချိန်တွင် ပိုင်ဟွဲ့တောထဲက များလှတဲ့မိစ္ဆာတွေထဲမှာ
ဘယ်သူများဖြစ်နိုင်မလဲလို့ ဇောင်လိ့သည် အသဲသန်စဉ်စားလျက်ရှိသည်။
အတွေးထဲတွင် ကျားဖြူမိစ္ဆာများ ဖြစ်နေမလားလို့တွေးမိပေမယ့်လည်း ကျားဖြူမိစ္ဆာသည်အကင်းပါးပြီး ​ကြောက်တတ်လှသောကြောင့် ဘယ်နည်းနဲ့မှအင်အားကြီးနတ်မျိုးနွယ်စုကို စိန်ခေါ်ရဲမည်မဟုတ်ပေ။

ထိုစဉ် ဇောင်လိ့ရဲ့ညာလက်ရုံးမိစ္ဆာကောင်မှာ တစ်ခုခုကိုတွေးမိဟန်ရပြီး ​ဇောင်လိနားကပ်ကာတိုးတိတ်စွာပြောလာလေသည်။

"သခင် ...
ဟုန်ကျစ်ကိုမှတ်မိသေးလား သူများဖြစ်နေမလားမသိဘူးနော်"

"ဟုန်ကျစ်က လူသားစားနေပြီလား"

"အချိန်တွေကကြာနေပြီလေသခင်ရယ်
အသီးရွက်ချည်းစားနေမဲ့မိစ္ဆာမျိုးမဟုတ်တာ သခင်လည်းသိပါတယ်
ကျနော်သိသလောက်တော့
သုံးလေးရက်တစ်ခါလောက် 
တောအပြင်ထွက်ပါတယ်
သူကလွဲရင်ဘယ်သူက နဂါးမျိုးနွယ်ကိုစိတ်ဆိုးစေမှာတဲ့လဲ"

The frozen heart of the fire king (S-2) Completed Donde viven las historias. Descúbrelo ahora