part 7

13.5K 2K 185
                                    


"မီးနိုင်ငံတော်က အပင်တွေက ရေလောင်းစရာမလိုဘူးလေ"

ကြားဖူးခဲ့တဲ့ထိုစကားစုကြောင့်လီရှန်း နောက်ကိုချက်ခြင်းလှည့်ကြည့်လိုက်မိတော့
သားနားမူတို့ခြံရံနေသည့်ထိုသူက တစ်ချိန်ကသိခဲ့ဖူးတဲ့ အိမ်ရှေ့စံနဲ့ပင်ရုပ်ချင်းဆင်ခြင်နေသေးသည်။

ဒီကအပင်တွေ ရေလောင်းစရာမလိုတာ သိထားပြီးပေမယ့်လည်း ဘာရယ်မဟုတ်ပဲ ရေလောင်းနေမိသည်ကို ထိုသူကမြင်သွားပုံပင်။
ဘာပဲပြောပြော တချိန်ကအတိတ်ကိုတွေးမိတော့လည်း အိမ်ရှေ့စံကိုမြင်ယောင်ရင်းလူကပြုံးမိလာရသည်။

"ဘာကရယ်စရာကောင်းနေတာလဲ..."

အသံကဒေါသသံစွက်နေသည်တဲ့။
စိတ်ကလည်းလွယ်လိုက်လေခြင်း...

"အထင်လွဲတာပါ ဒါနဲ့ ဘယ်သူများလဲသိခွင့်ရှိမလား.."

ထိုအခါ ထိုသူရဲ့မေးက အပေါ်နည်းနည်းမြောက်တတ်သွားလျက် နောက်နှစ်ဖက်ကိုဟန်ပါပါနောက်ပြစ်ကာ ဝင့်ကြွားဝင့်ချီလာရင်း..

"ငါက.. ကောင်းကင်မြို့တော်က အိမ်ရှေ့စံဝုရင်းယာန်ရဲ့သားတော် မင်းသားဝုကျစ်ဖန်.."

ဘယ်လိုပင် ကြည့်ကြည့် အပြုမူကစ စကားပြောပုံဆိုပုံအဆုံး အိမ်ရှေ့စံနဲ့တထေရာတည်းပင်။

ခဏ..သူက အိမ်ရှေ့စံရဲ့သားတော်လို့ပြောလိုက်တာလား..

"မင်း....မင်းက အိမ်ရှေ့စံရဲ့သားတော်လား
ဒါဖြင့် မင်းရဲ့အဖေကဇောင်လိ့ပေါ့
ငါသတင်းကြားပေးမယ့်ခုမှတွေ့ဖူးတာပဲ
မင်းက အိမ်ရှေ့စံနဲ့တော်တော်တူတယ်"

ဟုတ်သည်။အိမ်ရှေ့စံနဲ့ဇောင်လိ့ရဲ့သတင်းကို မကြားတဲ့သူက နားမကောင်းလို့ပင်ဖြစ်မည်။
မျိုးနွယ်စုအသီးသီးကြားမှာ ပြောစရာဖြစ်ခဲ့တဲ့ ကောင်းကင်မြို့တော်ရဲ့အိမ်ရှေ့စံနဲ့ မြေခွေးမျိုးနွယ်ကောင်လေးအကြောင်းက ဒီလောက်သတင်းထူးကြီးဖြစ်ခဲ့တာကို
ပြီးတော့သူတို့ရဲ့ကလေး...

"ခမည်းတော်နဲ့သိလို့လား...ဘယ်သူများလဲ"

လူကိုကြည့်လာတဲ့အကြည့်တွေကစ အိမ်ရှေ့စံနဲ့တူနေတဲ့ထိုကလေး...
အတင်းဖျင်းတွေကြားမှာ မွန်းကျပ်ခဲ့ရမည်မှာမလွဲပင်။
အမြင့်မြတ်ဆုံးလို့သတ်မှတ်ထားရတဲ့မျိုးနွယ်နဲ့
နိမ့်ကျတဲ့မြေခွေးမျိုးနွယ်တို့က
မွေးဖွားလာတာကို
မကောင်းပြောကျသည်က လီရှန်းတောင်ဒေါသထွက်ခဲ့ရသည်ထိပင်။
သို့သော် ထိုကလေးရဲ့ပုံက ဘာကိုမှသိပ်အလေးနက်မထားသည့်ပုံမို့တော်နေသေးသည်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now