part 12

12.2K 1.8K 115
                                    

"မင်းနေခဲ့သင့်တာမဟုတ်ဘူးလား"

"ဘာကိုလဲ"

ရင်းယာန် ဇောင်လိ့စကားအား မသိချင်ယောင်ဆောင်ကာပြန်မေးလိုက်သည်။
ဟုတ်သည်လေ ဒီလိုခရီးသွားနေရတဲ့လမ်းမှာ ဇောင်လိ့နဲ့စကားပြောရဖိုဆိုတာက လွယ်နေတာများမှတ်လို့။
ရင်းယာန်ဘက်က စကားမရှိစကားရှာပြီး
မေးခွန်းတစ်ရာလောက်မေးရင်တောင်မှ
ဇောင်လိ့က နှစ်ခွန်းသုံးခွန်းပဲပြန်ပြောတတ်တာကို။

"ချင်းဖုန်းရွှမ်ရဲ့လက်ထပ်ပွဲလေ
ရောက်လက်စနဲ့ ဂုဏ်ပြုပေးပြီးမှပြန်သင့်တာမဟုတ်ဘူးလား"

တကယ်တော့ထိုစကားက အိမ်ရှေ့စံအတွက်တွေးပေးသည့်စကားပင်။
အတိတ်ကဖြစ်ရပ်တချို့ကြောင့် သိပ်မကြည်မလင်ဖြစ်နေတဲ့ မီးနိုင်ငံနဲ့ကောင်းကင်မြို့တော်က ရန်သူတွေလိုဆက်ဆံရေးမဟုတ်ပေမယ့်လည်း
တင်းမာနေဆဲအခြေနေပင်။
ဒီလိုအခြေနေမျိုးမှာ အိမ်ရှေ့စံအနေနဲ့ ကြုံကြိုက်နေတာတောင်မှ လက်ဆက်ပွဲမှာဂုဏ်ပြုမပေးခဲ့ဘူးဆိုရင်
မီးနိုင်ငံတော်က ပိုလို့ပင်အမြင်မကြည်ဖြစ်သွားနိုင်သည်။

သို့သော် အိမ်ရှေ့စံမှာ ဇော်လိ့စကားကြားခိုက့် မသတီစရာစကားအား ကြားလိုက်ရသည့်နှယ် မျက်နှာမှာတွန့်ရူံ့နေလျက်နှင့်...

"တော်စမ်းပါ..! လီရှန်းကိုတွေးမိတိုင်း ဒေါသထွက်လို့သေမတတ်ပဲ
အဲဒါကို သူ့လက်ဆက်ပွဲမှာ
ဂုဏ်ပြုပေးရဦးမယ်ပေါ့ ရူးနေမှပဲရမယ်"

စိတ်တိုပြီး
မူန်ယိုနေတဲ့ဆင်လိုဖြစ်နေတဲ့အိမ်ရှေ့စံကို
ဇောင်လိ့ကတစ်ချက်သာကြည့်ပြီး အကြည့်ပြန်လွဲလိုက်သည်။

စိတ်ထဲ၌လည်း ထိုလူသားကောင်လေးအပေါ်
တော်တော်သံယောဇဉ်ကြီးတာပဲဟုလည်း တွေးနေမိသည်။

"ကျစ်ဖန်နဲ့အဆင်ရောပြေရဲ့လား မင်းနဲ့စကားပြောတာလည်းသိပ်မတွေ့ဘူး"

ရင်းယာန်ကထိုမေးခွန်းကို
နောက်မှာ မြေခွေးမလေးနဲ့အတူ
စကားတွေဖောင်ဖွဲ့နေသည့်
ကျစ်ဖန်အားလှည့်ကြည့်ရင်း ​မေးလိုက်ခြင်းပင်။
မေးချင်စရာကောင်းလောက်အောင်ကိုလည်း
ကျစ်ဖန်နဲ့ဇောင်လိ့ဆက်ဆံရေးက အနည်းငယ်စိမ်းသက်နေသလိုပင်။
သို့သော်ရွှမ်နိနဲ့တော့အဆင်နေပုံရသည်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now