part 24

10.9K 1.7K 96
                                    

မိဖုရားရှီ၏အဆောင်တော်တွင်ဖြစ်သည်။

လီရှန်းမှာ စိတ်တို့ကြည်လင်နေသဖြင့်
တလောကလုံး၌ အပျော်ဆုံးသူဖြစ်လို့နေတော့သည်။
ထို့ကြောင့် နဂါးမျိုးနွယ်တို့စီကိုလည်း လိုက်မသွားဖို့ဆုံးဖြတ်ကာဖြင့် အမတော်နားမှာ ခဏအဖော်ပြုချင်လို့ဆိုသည့်ဆင်ခြေအား သုံးခဲ့တော့သည်။

စင်စစ်တော့ အရှင့်ရဲ့
အစားခံရလိမ့်မယ်ဆိုသည့် ခြိမ်းခြောက်စကားကြောင့်လည်းပါသည်။

မည်သို့ပင်ဆိုစေကာမူ ရှီလီယန်းမှာတော့ ထိုစကားကြောင့်ပီတိဖျာဝေနေသည့်ပုံပင်။
မွေးဖွားမလာခင်ထဲက စိုးရိမ်စိတ်တွေနှင့် အရိပ်တကြည့်ကြည့်ပျိုးထောင်ပေးခဲ့ရတဲ့ တစ်ဦးတည်းသောသွေးချင်းဖြစ်သူစီက ဂရုစိုက်မူက ခဏခဏဆိုလျှင်တောင်မှပဲ ရှီလီယန်းအတွက်တော့ ဒါကအလွန်ပျော်စရာကိစ္စကြီးပင်။

ဟန်မဆောင်နိုင်အောင်ကို မျက်နှာကအချိုရိပ်တွေလွှမ်းနေခဲ့သည့်တိုင် နဂါးမင်းသည်ပင်လည်း လီရှန်းကိုသွေးသားတစ်ဦးလိုချစ်ခင်တာမို့ လာမည်အကြောင်းကြားပြီးမှမသွားလျှင်စိတ်ဆိုးမှခက်နေဦးမည်။

"မမတကယ်အဆင်ပြေပါတယ် အဲဒါကြောင့်ဦးလေးရန်တို့စီလိုက်သွားလိုက်ပါ
စိတ်မကောင်းဖြစ်နေလိမ့်မယ်"

လီရှန်းမသိသာအံကြိတ်မိသည့်တိုင် ရွှန်းဝေနေတဲ့အပြုံးအား ဆင်မြန်းထားစဲပင်။
လီရှန်းမှာ အမဖြစ်သူအကြောင်းကိုသိသည်။သွေးချင်းဆိုသည်က နှစ်ယောက်ထဲရှိသည်မို့ သူမကိုဂရုစိုက်ပေးနေလျှင်အ ကြီးကြီးကျေနပ်နေတတ်သည့်သူပင်။
ယခု ထိုစကားမှာလည်း မကောင်းတက်လို့ပြောသည်ဆိုသည်က သိသာလွန်းသည်။
နဂါးမျိုးနွယ်ကိုလိုက်သွားဖို့အရေးထက် သူမကျန်းမာရေးကိုစိုးရိမ်လို့ မီးနိုင်ငံတော်မှာ ခဏနေဦးမည်ဆိုသည့်အကြောင်းရင်းက မကျေနပ်စရာအကြောင်းတော့လည်းမရှိပေ။

"မဟုတ်တာပဲ မမအဆောင်ကနေပြန်တာနဲ့ အကိုရန်တို့ကိုသေချာလေးပြောလိုက်မှာပါ "

ရှီလီယန်းမှာ ဝတ်ဆံတို့နဲ့ပြုလုပ်ထားသည့် လက်ဖက်ရည်အားသောက်နေရင်း ဟန်မဆောင်နိုင်စွာနှင့်ပင် သွားတို့အကုန်ပေါ်လာသည်အထိပြုံးလာခဲ့သည်။

The frozen heart of the fire king (S-2) Completed Dove le storie prendono vita. Scoprilo ora