part 27

7.9K 1.2K 13
                                    


"ငါ့သားတော်ကိုတောင် မကောင်းကြံရဲတယ်"

စားပွဲအားဒုန်းခနဲမြည်အော်ထုရင်း ဒေါသတကြီးဆိုလာသည့်အိမ်ရှေ့၏ဒေါသသည် တော်ရုံတော့မဟုတ်ပေ။

သာမာန်စားပွဲလေးဆိုလျှင်တော့ ချက်ခြင်းကျိုးကျသွားနိုင်ပေမယ့်လည်း မီးနိုင်ငံကစားပွဲလေးဖြစ်နေလို့ ခံနိုင်ရည်ရှိနေခြင်းပင်။

အခြေနေက အိမ်ရှေ့စံနဲ့အရှင်မှာ စားပွဲဝိုင်းတွင်မျက်နှာချင်းဆိုင်ကာ ထိုင်လျက်ရှိပြီး အိမ်ရှေ့စံရဲ့ဒေါသမီးတောက်​နေသော မျက်ဝန်းတို့နှင့်အရှင့်ရဲ့အေးစက်စက်အကြည့်တို့က အသံတိတ်တိုက်ပွဲလျက်ရှိနေသည်။

လီရှန်းမှာတော့ ကြမ်းပြင်တွင် ယခင်ပုံအတိုင်း ဒူးထောက်လျက်သားနှင့်ပင် အနှီနှစ်ဦး၏စကားသံတို့သာနားစွင့်နေရသည်။

"အိမ်ရှေ့စံကတော့ အထင်လွဲနေပြန်ပါပြီ မှတ်ဉာဏ်လေးနည်းနည်းပဲဖျတ်ခဲ့တာပဲကို မကောင်းကြံတယ်တဲ့လား"

ဖုန်းရွှမ်၏ နည်းနည်းလေးမှ အလေးမထားပုံပေါက်နေသည့် ထိုလေလေယူလေသိမ်းတွေက ရင်းယာန်ကိုပို၍သာစိတ်တိုလာစေသည်။
သို့သော်လည်း ချင်းဖုန်းရွှမ်သည် အိမ်ရှေ့စံဒေါသအား နည်းနည်းမှဂရုမစိုက်သည့်နှယ်ပင်။

"အဲလိုဆိုရင်တောင် အပြစ်ဖြစ်တယ်ဆိုတာမသိဘူးလား
ဘာလဲ အခုစွမ်းအင်တွေပြန်ရပြီဆိုတော့
မကြောက်တော့ဘူးဆိုတဲ့သဘောလား"

"ဘယ်တုန်းကမှမကြောက်တတ်ခဲ့ပါဘူး"

"မင်း....!!"

အခြေကအတင်းမာဆုံးအခြေနေဖြစ်၍နေပြီး တိတ်ဆိတ်၍သွားလေသည်။
အတော်လေးကြာမှာ ချင်းဖုန်းရွှမ်၏သက်ပျင်းချသံသဲ့သဲ့ကိုကြားလိုက်ရပြီး...

"လျို့ဝှက်ထားပေးပါ တောင်းဆိုတာပါ"

ထိုစကားကြောင့် ရင်းယာန်ဟမ့်ခနဲအသံထွက်မိသွားရင်း
စားပွဲအားသုံးချက်လောက်ဆင့်ထုလိုက်ကာဖြင့်...

"ငါကလျို့ဝှက်ပေးထားတိုင်း ပြီးသွားမယ့်ကိစ္စမလို့လား
ဘယ်သူမှမသိသေးခင် ​ကောင်းကင်မြို့တော်မှာအပြစ်ကိုဝန်ခံပြီးတော့​ကောင်းကင်မြို့တော်ရဲ့အဆုံးဖြတ်ကိုခံယူတာက လီရှန်းအတွက် အသက်သာဆုံးနည်းလမ်းဆိုတာမသိဘူးလား ....!!"

The frozen heart of the fire king (S-2) Completed Where stories live. Discover now