part 21

9.9K 1.5K 70
                                    

နေရာက ဤအဖြူရောင်မိစ္ဆာ လူသားတွေကို သတ်ဖြတ်စားသောက်သည်ဟူသော ကမ်းစပ်တွင်ပင်။

ထျန်းအိုင့်သည် အနှီမိစ္ဆာလေးအား လက်ပြန်ကြိုးတုပ်ကာ သစ်ပင်နှင့်ထပ်မံပူးတွဲချည်နှောင်ထားလေသည်။

ထိုကလေးသည်က ဘာမှတော့ပြန်ပြောမလာရှာပဲ
မျက်နှာလေးမှာတော့ငြိုးငယ်နေရှာသည်။

လီရှန်းကြည့်နေရင်းနဲ့ပင် ထိုကလေးကိုသနားလာသည်။
သရုပ်မှန်ကဘာပဲဖြစ်နေပါစေဦး ဒါက မိစ္ဆာတစ်ကောင်အဖြစ် ​မွေးဖွားလာလို့ဒီလိုဖြစ်ရတာပဲမဟုတ်ဘူးလား။

"ဆိုတော့ နဂါးမျိုးနွယ်စီခေါ်သွားမှာလား"

တိတ်ဆိတ်နေစဲပင်ဝန်းကျင်ကို
ရှန်းကူးက စတင်ဖြိုခွဲလိုက်သည်။
သေချာစွာတွေးတောနေပုံရတဲ့စစ်ကျိုးမှာ ထိုစကားကြားတော့ အနှီအကောင်ပေါက်ကိုတစ်ချက်ကြည့်ပြီး မျက်နှာလွဲကာခေါင်းရမ်းလာလေသည်။

"ခေါ်သွားလို့ဖြစ်မှာမဟုတ်ဘူးလေ သူ့အပြစ်ကသေဖို့လုံလောက်ပါတယ်"

"အာ...!"

ထျန်းအိုင့်သည် မထင်မှတ်ထားလို့ထင် အာမေဋိတ်အသံတို့ပင်ထွက်ကျလာပြီး လီရှန်းနှင့်ရှန်းကူးသည်ပင်လည်း လန့်သွားရတော့သည်။

"သတ်..သတ်ပြစ်မယ်လို့ ပြောတာလား"

လီရှန်းသည် ​နားကြားများမှားနေလားဟု ထင်မှတ်ပြီး ထပ်မေးလိုက်ပေမယ့် စစ်ကျိုးမှာ ဟုတ်မှန်ကြောင်းခေါင်းငြိမ့်လာလေသည်။

"သတ်ပြစ်မှရမှာပေါ့ ကြားဖူးသလောက်တော့ အဖြူရောင်မိစ္ဆာတွေက ထိန်းရခက်တယ်တဲ့
သူ့ကိုနဂါးမျိုးနွယ်စီခေါ်သွားတယ်ပဲထားပါဦးတော့
ရေအောက်မှာနေနိုင်အောင် အဆောင်လည်းလုပ်ပေးရဦးမယ် အဲဒီအဆောင်က လွယ်လွယ်နဲ့လုပ်ယူလို့ရတာမဟုတ်ဘူးလေ
နောက်ပြီးသူအစာစားချိန်ရောက်လာရင် သူ့ကိုထိန်းသိမ်းနိုင်မှာမဟုတ်ဘူး "

ဒီလိုဆိုတော့လည်း စစ်ကျိုးသည်သေချာတွေးတောနိုင်ပုံရသည်ဟု ရှန်းကူးမှတ်ချက်ချလိုက်သည်။
ဘာပဲပြောပြော စစ်ကျိုး၏ထိုအတွေးမှာ မှန်ကန်ပါသည်။
ခေါ်သွားလျှင်လည်း ထိန်းသိမ်းလို့ရမည်မဟုတ်သည်ကို အင်အားအကုန်ခံမနေတော့ပဲ တစ်ခါတည်းလက်စတုံးလိုက်ကအသင့်တော်ဆုံးပင်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now