part 9

13.7K 2K 105
                                    

"အမူန်ဖြစ်သွားတဲ့ လူသားခန္ဓာကိုယ်..."

ရှန်းကူး ခပ်တိုးတိုးရေရွတ်လိုက်မိပြီးရယ်မိသည်။

လတ်စသတ်တော့ ချင်းဖုန်းရွှမ်က လီရှန်းခန္ဓာကိုရဲ့အကြွင်းကျန်အမူန်လေးတွေနဲ့ ပန်းချီကားထဲမှာတောင် သစ်ပင်စိုက်ပြီးတစိမ့်စိမ့်ကြည့်နေသည်ပဲ။
လီရှန်းသာသိရင်တော့ ပျော်လွန်းလို့ ချက်ခြင်းမတတ်ပင် အသက်ရူရပ်သွားနိုင်သည်။

"ဘာလို့ခုချိန်ထိ မသိချင်ယောင်ဆောင်နေလဲမသိပေမယ့် သတင်းပျံ့သွားလို့မဖြစ်ဘူး
ချင်းဖုန်းရွှမ်အတွက် အသက်စတေးခဲ့တဲ့လူသားက
ိလိပ်ပြာမျိုးနွယ်စုရဲ့သားဖြစ်နေတာသာ သတင်းပျံ့သွားရင် လီရှန်းအတွက်အန္တာရယ်ရှိတယ်"

"သိတယ်....."

ဖြေသံက ပြတ်သားလွန်နေသည်တဲ့။
ထိုနောက် ရှန်းကူးအားလည်း မမှိတ်မသုန်ကြည့်လာပြီး...

"လီရှန်းအတွက်တင်မဟုတ်ပဲ
မင်းအတွက်လည်း အန္တာရယ်ရှိနေလို့ အဲလောက်သွေးပျက်နေတာမလား
လိပ်ပြာမျိုးနွယ်စုရဲ့သားကိုသတ်ခဲ့တာ မင်းလေ"

နှစ်ခါပြန်မေးစရာမလိုလောက်အောင် အသံကရှင်းလွန်းနေသည်။
ထို့ကြောင့်လည်း ရှန်းကူးမျက်နှာပေါ်မှာသွေးဟူ၍မရှိတော့။
ဟန်ပင်မဆောင်နိုင်လောက်အောင် တုန်လူပ်ခြောက်ခြားနေတဲ့မျက်ဝန်းတွေနဲ့ ချင်းဖုန်းကိုပဲစိုက်ကြည့်နေမိရင်း...

"သတ်ခဲ့တယ်တဲ့လား...
အဓိပ္ပါယ်မဲ့လိုက်တာ"

တုန်ရီနေတဲ့အသံက လူမိသွားတာတောင် ငြင်းဆန်နေဆဲအပြစ်သားတစ်ယောက်ပမာပင်..
သို့သော်လည်း လိမ်ညာလို့အသုံးမဝင်စွာပင် ချင်းဖုန်းရွှမ်ဆိုသည်ကအကုန်လုံးသိနှင့်နေခဲ့ပြီ...။

ဖုန်းရွှမ် ထိုရှန်းကူးဆိုသူရဲ့မျက်ဝန်းကို တည့်တည့်စိုက်ကြည့်လိုက်ပြီး..

"ဒါဆိုရင်...
လိပ်ပြာမျိုးနွယ်စုက ဆက်ခံသူကောင်းကောင်းမွန်မွန်မွေးဖွားလာဖို့ပဲ မင်းကိုတောင်းဆိုခဲ့တာလေ
မင်းက ကလေးရဲ့ဝိညာဉ်ကိုသတ်ပြီး လီရှန်းရဲ့ဝိညာဉ်နဲ့အလဲလှယ်လုပ်ခဲ့တာ
အဲဒီကလေးရဲ့ဝိညာဉ်ကို
ဘယ်မှာသုံးလိုက်လဲဆိုတာရော.....
ငါမသိဘူးများထင်နေသလား"

The frozen heart of the fire king (S-2) Completed Where stories live. Discover now