part 22

10.9K 1.8K 90
                                    

"အိမ်း...ပူနွေးနွေးနိုင်ငံတော်ကြီးစီကို
ပြန်ရောက်လာပြန်ပြီ "

ထျန်းအိုင့်သည့် သက်ပျင်းချလိုက်ပြီး ဆိုလိုက်ခြင်းပင်။
ထျန်းအိုင့်ပြောသည်ကလည်း မှန်နေတော့ ဘယ်သူမှဘာမှမပြောကျတော့ပေမယ့် အကောင်ပေါက်လေးကတော့ အသံထွက်လာခဲ့သည်။

"နိုင်ငံလား ကျောက်တုံးကြီးကလား"

ထိုကလေးက လုပ်ယူထားသည့်ပုံ မဟုတ်ပေမယ့်လည်း
ပြောနေရင်း နုတ်ခမ်းလေးကဆူထွက်လာကာ ကြွေရောင်သမ်းနေတဲ့ပါးပြင်တို့ကလည်း အနည်းငယ်ဖောင်း၍လာသည်။
ပြောရလျှင်တော့ မြင်ရသူတွေကိုငေးမောစေသည်။

ရှမ်းကူးသည် ချက်ခြင်းထိုကလေးကို ခေါင်းခေါက်ချလိုက်သည်။
သူဒီလိုခေါက်ချင်ခဲ့သည်မှာ ကြာနေခဲ့ပြီဖြစ်ပြီး
ရုပ်တည်နှင့်ပင်ဆူငေါက်လိုက်သည်။

"အဲလောက်မတုံးစမ်းပါနဲ့...."

ထို့နောက် အကောင်ပေါက်လေးအပါဝင် ငါးယောက်သားသည် မီးနိုင်ငံတော်ထဲဝင်လာခဲ့ကျသည်။

တံခါးစောင့်တပ်မူးတွေကတဆင့် အကြောင်းကြားပေးတာခဏစောင့်ပြီးနောက်မှာ ရောက်လာသူကကျို့ကျန်းပင်။
ကျို့ကျန်းသည် အဖွဲ့ထဲကလီရှန်းကိုမြင်သည်နှင့် မျက်နှာမှာ ပျားရည်လောင်းထားသလို ချက်ခြင်းပြောင်းလဲသွားတော့သည်။

"ပြန်ရောက်လာကျတာပဲ မီးနိုင်ငံတော်ကနေကြိုဆိုပါတယ်နော်"

ထိုစကားက လီရှန်းကိုကြည့်ရင်းဆိုလာမို့ လီရှန်းမှာ စိတ်ညစ်နေသော်ငြားလည်း မလွဲမရှောင်သာ ပြုံးပြလိုက်ရလိုက်သေးသည်။

"ချင်းဖုန်းရွှမ်နဲ့အရင်တွေ့လိုက်လေ.."

ရှန်းကူးစကားကြောင့် လီရှန်းမျာအတွေးတို့ဘယ်လွင့်မှန်းမသိတော့။

အခု တစ်ယောက်ထဲသွားတွေ့ဖို့
ပြောနေတာတော့မဟုတ်ဘူးမလား။

ိစိတ်ထဲထင့်နေသည်မို့ အကိုရန်ကိုကြည့်လိုက်မိတော့
ပြောလာတဲ့စကားကြောင့် အသက်ပင်မရှင်ချင်တော့ပေ။

"ဟုတ်တယ်
ညီလေးရှီတစ်ယောက်ထဲတွေ့လိုက်တာက ပိုကောင်းမယ်ထင်တယ် "

The frozen heart of the fire king (S-2) Completed Where stories live. Discover now