Extra

7.5K 868 35
                                    

ပိုင်ကျင်းနိုင်ငံတော်၏ ညီလာခံခန်းမထဲတွင်ဖြစ်သည်။

ချွဲစန်းချီ လက်မခံချင်သော်လည်း မင်းမိန့်ဖြစ်လို့ငြင်းမရပဲ အမိန့်ကိုနာခံပြီး စစ်မြေပြင်သို့ထွက်ခွာတော့မည်ဖြစ်သည်။
အမတော်ဝင်ကူပြောပေးပေမယ့်လည်း ဧကရာဇ်ရဲ့ဆန္ဒက ပြင်းထန်နေသည်ဖြစ်လို့ ​ဖြောင်းဖျမရတော့မတတ်ဘူးထင်ပါ့။
မယ်တော်ကြီးတော်ဖျောင်းဖျလို့မရတဲ့အရေးကို ဘယ်သူမှလည်းဝင်မတောင်းဆိုရဲတော့ စန်းချီကပဲစစ်မြေပြင်ကိုသွားရတော့မှာပေါ့။
သို့ပေသည့် မဖြစ်နိင်ဘူးဆိုတာသိနေရင်တောင် စန်းချီအနေနဲ့ဖုန်းရွှမ်ပြောသွားတဲ့စကားတွေကို နည်းနည်းလောက်မျှော်လင့်ကြည့်ချင်နေသည်။
ဘာကြောင့်ဆိုမျှော်လင့်စရာကဒီတစ်ချက်ပဲရှိတာကြောင့်.။

စန်းချီအမိန့်တော်ကိုလက်ခံပြီးထွက်လုစဲစဲမှာပဲ သတင်းပို့ရဲမက်တစ်ယောက်အခစားဝင်ရောက်လာပြီး...

"နယ်စပ်ခံတပ်ကသတင်းပို့လာပါတယ်အရှင်"

"မြန်မြန်လျောက်တင်.."

"ရန်သူ့နိုင်ငံကတပ်တွေတပ်ဆုတ်သွားပါပြီ "

ထိုရဲမက်ရဲ့စကားက ညီလာခံခန်းမတစ်ခုလုံးကိုကြက်သေသေသွားစေသလို ဧကရာဇ်ကိုယ်တိုင်တောင် ကြောင်အသွားရတဲ့ထိ။

"အဲတာဘာစကားလဲ မြန်မြန်အကြောင်းစုံလျောက်တင်စမ်း"

ဧကရာဇ်ကစိတ်မရှည်တတ်သူပီပီ အလျင်လျောက်တင်ခိုင်းတော့ ထိုရဲမက်ကပြောရခက်နေပုံနှင့် မဝံ့မရဲလျောက်တင်လာသည်က...

"အဲဒါ...အကြောင်းရင်းသေချာမသိရပေမယ့်
ပိုင်ကျင်းကိုနိုင်ငံကိုရန်စမိတဲ့အတွက် လက်ဆောင်ပဏ္ဍာတွေနဲ့တောင်းပန်မယ်လို့လည်း နယ်စပ်ကခံတပ်မူးစီကသတင်းရရှိပါတယ်"

ထိုရဲမက်ရဲ့စကားအဆုံးမှာတော့ ခန်းမထဲကအတိုင်ပင်ခံအမတ်တွေမှာ ပါးစပ်အဟောင်းသားတွေဖြစ်ကုန်ကျပြီး ဧကရာဇ်ပင်လည်ဒေါသမထိန်းနိုင်ပဲ ပုလ္လင်လက်ရမ်းအားထုပါဖြင့်...

"ရူးနေပြီရူးနေပြီ အဲဒီအဘိုးကြီးရူးနေပြီ စစ်ပွဲကိုနောက်နေစရာများမှတ်နေသလား"

The frozen heart of the fire king (S-2) Completed Where stories live. Discover now