part 5

13.3K 2K 190
                                    


လေထုကစနွေးထွေးနေပြီး ရင်ကိုအမည်မဖော်နိုင်တဲ့ခံစားမူတစ်ခုပေးစွမ်းတဲ့ ထိုခံစားချက်အား လီရှန်းဘဝမှာ တတိယအကြိမ်မြောက်ရရှိခြင်းပင်။

လူသားဘဝက မီးနိုင်ငံကိုစဝင်တုန်းကရခဲ့တဲ့ဒီခံစားချက်ကို ပုံတူပန်းချီဆောင်မှာလည်းရခဲ့ဖူးပြီး ခုလိပ်ပြာမျိုးနွယ်စုရဲ့ သားတစ်ယောက်အဖြစ်နဲ့မီးနိုင်ငံကိုပြန်လည်ရောက်ရှိလာတော့လည်း ဒီခံစားချက်က တထေရာတည်းပင်။

ထိုခံစားချက်က နှလုံးအိမ်ကိုသိမ့်ခနဲနွေးထွေးလိုက်ဖိုစေပြီး အိပ်ပျော်နေတဲ့ခံစားချက်တွေအား နိုးထစေကာ ရင်ကိုအစမတန်ခုန်ပေါက်စေပြန်သည်။

ဝတ်ရုံရှည်အောက်ကလက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိပြီးမှ
တွေးတွေးပြီး ရင်လေးလာရသည်က
ဒီပုံစံနဲ့ ဘယ်လိုလုပ်ပြီးများ မီးနိုင်ငံမှာ ငါးရက်ဆိုသည့်အချိန်ကာလအား ဖြတ်သန်းရမှာပါလိမ့်ဟူ၍ပင်။

အမဖြစ်သူကိုကြည့်မိတော့ စိတ်လူပ်ရှားနေပုံပင်။

ဒါပေါ့...တလောကလုံးရဲ့
အခန့်ညာအချောမောဆုံးလို့ သတ်မှတ်ခြင်းခံထားရတဲ့သူနဲ့ လက်ဆက်ရတော့မဲ့သူက ဘယ်မှာစိတ်မလူပ်ရှားပဲနေမည်တဲ့လဲ။
သို့သော်လည်း အရှင့်နဲ့လက်ဆက်မယ့်သူကို ကိုယ်တိုင်လာပို့ရတဲ့ဘဝ ရောက်လိမ့်မည်လို့တော့ လီရှန်းဘယ်တုန်းကမှ စိတ်ကူးတောင်ယဉ်မကြည့်ခဲ့ဖူးပေ။

ပျော်မြူးရိပ်တွေသမ်းနေသည့်အမကိုကြည့်ပြီး မကုန်နိုင်သေးတဲ့ကိုယ့်ရဲ့ဝဋ်ကြွေးလို့ပဲမှတ်ယူကာ မီးနိုင်ငံတော်ထဲဝင်လာခဲ့တော့
အဝင်တံခါးဝရဲ့ တစ်ဖက်မှာ အခြွေရံတွေနဲ့အတူကြိုနေတဲ့မိန်းကလေးသုံးယောက်...

ကျို့ရန်...
ကျို့လျှန်း...
ကျို့ကျန်း.....

ရုတ်တရက်ခံစားလိုက်ရတဲ့ခံစားချက်က
အနှစ်နှစ်အလလကွဲကွာနေတဲ့မိတ်ဆွေတွေကိုပြန်တွေ့လိုက်ရသလိုမျိုးပင်။

"""မိဖုရားရှီကို ကြိုဆိုပါတယ်..."""

ထိုအသံက သုံးယောက်လုံးစီက တပြိုင်နက်ထဲထွက်ပေါလာခြင်းပင်။
လီရှန်းဝမ်းသာအားရနဲ့ကြည့်နေမိတုန်း ခေါင်းပြန်မော့လာတဲ့ကျို့ကျန်းနဲ့ အကြည့်ချင်းဆုံမိတော့ရင်ကထိတ်ခနဲ။

The frozen heart of the fire king (S-2) Completed Where stories live. Discover now