part 35

6.7K 1K 29
                                    


ကောင်းကင်မြို့တော်တွင်တော့....

အဖြစ်ပျက်သမျှဝန်ခံသွားတဲ့ရှန်းကူးက ဝိညာဉ်အလွဲပြောင်းလုပ်ခဲ့ခြင်းနှင့်အတူ လိပ်ပြာမျိုးနွယ်စုရဲ့သွေးသားဝိညာဉ်အစစ်ကိုပါ ကိုယ်ကျိုးအတွက်အသုံးပြုလိုက်မိကြောင်းကို အလုံးစုံဝန်ခံလေသည်။

ထို့နောက် ရှီလီယန်းစကားများမှာလည်း မှန်ကန်ကြောင်းနှင့် ချင်းဖုန်းရွှမ်မှာ လိပ်ပြာမျိုးနွယ်စု၏ခေါင်းဆောင်နှင့်
သူ၏ဇနီးတို့အား ရောဂါကိုနိုးထစေပြီးသေစေခဲ့ကြောင်းကို သိထားကြောင်းဝန်ခံလာတော့ ချင်းဖုန်းရွှမ်ကိုပါ ကောင်းကင်မြို့တော်ကိုအခေါ်တော်လွတ်ခဲ့ရသည်။

ချင်းဖုန်းရွှမ်က အသာတကြည်လိုက်လာပေမယ့်လည်း
ဧကရာဇ်ရဲ့ပုလ္လင်တော်ရှေ့က ဒူးထောက်ရက်သားနဲ့
မျှော်လင့်ချက်ကင်းမဲ့နေသည့်ရှန်းကူးအားမြင်လေတော့ အမူရာတို့မှာရုတ်ချည်းပင် သက်မဲ့လို့သွားတော့သည်။

ထိုနေရာတွင် ရှန်းကူးနဲ့ဧကရာဇ်အပြင် အိမ်ရှေ့စံနှင့်မင်းသားငယ်ကျစ်ဖန်ပါရှိနေပြီး ကျန်သည့်နတ်စစ်သည်တော်တချို့လည်းရှိနေသည်။

ဧကရာဇ်ဝုကျင့်က ချင်းဖုန်းရွှမ်အားမယုံကြည်နိုင်သလိုကြည့်နေသလို အိမ်ရှေ့စံမှာလည်းစိတ်တိုနေသည့်ပုံပင်။

ကြည့်ရသည်မှာ ရှန်းကူးက အကုန်ဝန်ခံပြီးသွားသည့်ပုံမို့ ခံပြင်းသည်ကလွဲလို့ ဖုန်းရွှမ်ဘာများတတ်နိုင်တော့မှာတဲ့လဲ။

"ဖုန်းရွှမ် မင်း......
တကယ်ကိုလုပ်ခဲ့တာလား"

ဧကရာဇ်ဝုကျင့်လိုနေသည်က ဖုန်ရွှမ်၏ဝန်ခံမူမဟုတ်တော့သည့်တိုင် မယုံနိုင်လွန်းလို့ဖ ဖန်းရွှမ်၏ဖြေသံကိုတော့ကြားချင်သေးသည်။
အနားရှိသူအားလုံးမှာ ဖုန်းရွှမ်ရဲ့ပြန်ဖြေလာမည့်အသံကိုပဲ မသိမသာနားစွင့်နေလျက်...
ဖုန်းရွှမ်မှာမူတော့ဘာမှပြန်ပြောမလာချေ။

ဆိတ်ဆိတ်နေခြင်းသည်ဝန်ခံခြင်းဆိုသည့်တိုင် ဖုန်းရွှန်ဝန်မခံလျှင်တောင်မှပဲ
အပြစ်ကထင်ရှားနေသည်ဆိုတော့...

"မင်း....မင်းကိုယ်မင်း မျိုးနွယ်စုတစ်ခုရဲ့အရှင်ပါလို့ပြောရဲသေးရဲ့လား
ဟမ်..! နည်းနည်းလေးလောက်တောင်မစဉ်းစားခဲ့လို့ ဒီလောက်ထိစဉ်းစားဉာဏ်တဲ့မဲ့တဲ့လုပ်ရပ်ကို.."

The frozen heart of the fire king (S-2) Completed Where stories live. Discover now