part 11

13.4K 1.9K 77
                                    


ရှီလီရှန်းတည်းရာအဆောင်တွင်ဖြစ်သည်။

အချိန်က ညဥ့်နက်ပိုင်းမရောက်မရောက်နှင့်...
အဆောင်ထဲကလီရှန်းမှာလည်း နှစ်ခြိုက်စွာအိပ်မောကျနေလျက်.....

ဖြေညင်းစွာပွင့်လာတဲ့အဆောင်တံခါးက လေညင်းသဲ့သဲ့ကြောင့်ဖြစ်ဟန်တူပေမယ့်လည်း မြူရောင်လိုအခိုးအငွေ့တချို့ကဝင်လာခဲ့ပြီး လီရှန်းခန္ဓာကိုယ်သိုင်းခြုံလိုက်သည်တဲ့။

သို့သော်...လီရှန်းမှာမူအိပ်မောကျနေဆဲပင်။

ပွင့်ဟနေတဲ့နံခါးကနေ လူတစ်ယောက်က စိတ်အေးလက်အေးလမ်းလျောက်လာသည့်တိုင် လီရှန်းမသိခဲ့ပဲ
နားနားသို့ကပ်အော်မည်ဆိုရင်တောင်မှ ဆက်လက်ပြီးအိပ်မောကျနေဦးမှာပင်။

ညလင်းပုလဲရဲ့အလင်းရောင်ကြောင့် အခန်းက အလင်းရောင်အတော်သင့်တော့ရှိနေပေသည်။

ဖုန်းရွှမ်ခပ်သဲ့သဲ့လေးပြုံးရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့လီရှန်းနား တိုးကပ်သွားမိသည်။

ဟုတ်သည်။အဆောင်ထဲဝင်လာသည်က မီးနိုင်ငံရဲ့အရှင်သခင်ချင်းဖုန်းရွှမ်ပင်။

အမြဲလိုလိုအဖြေရှာနေတဲ့ပုံရိပ်တွေနဲ့ မျက်ဝန်းအိမ်တွေကို
ပိတ်ကားချထားတော့လည်း
အေးချမ်းနေသည်လို့ပင်ခံစားရစေသည်။

မျက်နှာပေါ်ဝဲကျနေတဲ့ ဆံနွယ်တချို့ကိုဖယ်ရှားပေးလိုက်ရင်း...
အနားမှာကပ်ထိုင်လိုက်ကာဖြင့် ထိုကလေးရဲ့မျက်နှာပြင်အစိတ်ပိုင်းတချို့ကို ညင်သာစွာထိတွေ့နေမိသည်။

ဒီကလေးက ....
လျိုအိမ်တော်ရဲ့ကျိန်စာမှာစတေးခံရတဲ့
နောက်ဆုံးသောလူသားကောင်လေးတဲ့လေ...

မအူမလည်နဲ့ အမြဲထုံထိုင်းနေတဲ့ဒီကလေးက
ရုပ်ရည်လည်းကြည့်မကောင်းပဲ ခန္ဓာကိုယ်ကလည်းပိန်လှီလွန်းတဲ့ဒီကလေးက....

ကြောက်ရွံတတ်တဲ့စိတ်နဲ့
ကိုယ့်ကိုကိုယ်ချစ်တတ်တဲ့စိတ်တော့ပါလာခဲ့ပုံမရဘူး..

နည်းနည်းလောက်ဖြစ်ဖြစ် အကြောက်တရားရှိခဲ့ရင်
နည်းနည်းလောက် ကိုယ့်ကိုကိုယ်အတွက်တွေးခဲ့ရင်...

The frozen heart of the fire king (S-2) Completed Where stories live. Discover now