part 3

13K 1.8K 37
                                    


"လီရှန်း...."

(ရှီလီရှန်း ၊ မသေမျိုးနွယ်ဖြစ်သည့် လိပ်ပြာမျိုးနွယ်စု၏ ခေါင်းဆောင်နေရာဆက်ခံမည့်သူ)

အမဖြစ်သူ၏အသံကြောင့် လီရှန်း ပန်းပင်ရေလောင်းနေခြင်းကို ရပ်တန့်လိုက်သည်။

"မမ.."

(ရှီလီယန်း၊ မသေမျိုးနွယ်ဖြစ်သည့် လိပ်ပြာမျိုးနွယ်စုခေါင်းဆောင်၏သမီး)

ရှီလီရှန်း မောင်ဖြစ်သူမျက်နှာအကဲခပ်ရင်း..

"လီရှန်း မင်းမျက်နှာလည်းမကောင်းဘူး"

"မဟုတ်တာပဲ မမသေချာကြည့် ကျနော့်မျက်နှာဒီလောက်ဝင်းပနေတာ ဘယ်မှာမကောင်းလို့လဲ"

အမှန်ဆိုလျှင်တော့ သာမန်အတိုင်းတာပင်ရှိတဲ့ လီရှန်းမျက်နှာက မွေးကတည်းကထိုအတိုင်းပင်။
လီရှန်းကို ပျော်ပျော်ရွှင်ရွှင်နဲ့မြင်ရခဲသလို ဝမ်းနည်းပက်လက်နဲ့လည်း မမြင်ဖူးခဲ့။
ဒီတိုင်း အေးစက်ခြင်းလည်းမဟုတ်သလို နွေးထွေးမူလည်းမရှိ ။ တည်ငြိမ်နေခြင်းမျိုးလည်းမဟုတ်ပဲ ပြောရခက်လွန်းသည်။
အားမလိုအားမရဖြစ်သည့်အဖေက သောက်သောက်စားစားနဲ့ ယောက်ကျားဘသားတစ်ယောက်လို့ဖြစ်စေချင်​ပေမဲ့
လီရှန်းကလိမ္မာလွန်း​နေသည်။
သို့သော် ငယ်ငယ်ထဲက စိတ်နှလုံးမသာယာသည့်နှယ်ဖြစ်နေသည့် လီရှန်းကို မျက်နှာမညိုးစေဖို့ပဲ တစ်မိသားစုလုံးအရိပ်တကြည့်ကြည့်နေရသည်။
အခုလည်း လီယန်း မီးနိုင်ငံတော်ရဲ့အရှင်သခင်နဲ့ လက်ဆက်ဖို့အကြောင်းဖန်လာထဲက လီရှန်းအရင်ကထက်ညိုးရော်လာသည်။
အရင့်အရင်တွေထဲကလည်း မီးနိုင်ငံကိုသွားရောက်ရမဲ့ အကြောင်းအမျိုးအမျိုးကို အကြောင်းပြချက်အမျိုးမျိုးနဲ့ရှောင်ရှားခဲ့ဖူးသည်။
တစ်ခါနှစ်ခါမဟုတ် သုံးလေးခါလည်းမကသည်မို့ လီရှန်းမီးနိုင်ငံကိုသဘောမကျတာကို မျိုးနွယ်စုတစ်ခုလုံးနီးပါးသိထားကျသည်။
ယခုတော့ လက်ဆက်ပွဲကဖြစ်လာသည်မို့ လီရှန်းအခြေနေပဲကြည့်နေရသည်။သို့သော်တားမြစ်ခြင်းလည်းမရှိသလို တစ်စုံတစ်ရာမှလည်းမပြောခဲ့ပေ။

နှစ်ဦးသားလမ်း​လျောက်လာသည်က ပန်းတောစပ်နားရောက်တော့ တိုင်ပင်စရာမလိုစွာနှင့်ပင် ပန်းတောထဲလျောက်လှမ်းလာမိကျသည်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now