part 30

7.9K 1.2K 37
                                    


မနေ့ညက လီရှန်းဘယ်လိုအိပ်ပျော်သွားလဲဆိုတာတောင် မမှတ်မိတော့ဘူး။
ဒါပေမယ့် အရှင်က အနားမှာအချိန်အကြာကြီးရှိနေပေးခဲ့တယ်ဆိုတာတော့သိနေသေးတယ်။

ပြီးတော့အရှင်ကပြောခဲ့သေးတယ်
လိပ်ပြာမျိုးနွယ်စုစီကိုပြန်ဖို့ ။
အိမ်ရှေ့စံရဲ့အရှင့်အပေါ်အမြင်မကြည်မူက ဟိုးအရင်ထဲကရှိခဲ့တာမို့ လီရှန်းမီးနိုင်ငံတော်မှာဆက်ရှိနေရင်
စိတ်ဆိုးနိုင်တာကြောင့်
ခုချိန်မှာအိမ်ရှေ့စံဒေါသကိုမဆွသင့်ဘူးဟူ၍....

သို့ပေသည့်တိုင် လိပ်ပြာမျိုးနွယ်စုစီလာပြီး လီရှန်းနှင့်တွေ့မည်လို့ ကတိပေးလို့တော်နေသေးသည်။

ဘယ်အချိန်မှာများ ထအဆုံးသတ်မလဲမသိနိုင်တဲ့
ဒီလိုအခြေနေမှာ တစ်ရက်မှာတစ်ခါလောက်တော့ မြင်တွေ့ခွင့်ရမည်ဆိုက တကယ်ကြီးတော်နေသေးတာပေါ့။

လီရှန်း သက်ပျင်း​မောကြီးသာချရင်း
အ​တွေးတို့အား ထိုမျှလောက်နှင့်ဖျတ်ပြီး
အရှင့်စကားကိုနားထောင်သည့်အနေနှင့်ပဲ
လိပ်ပြာမျိုးနွယ်စုသို့ပြန်မည်စိတ်ကူးကာဖြင့် အမဖြစ်သူအားအသိပေးနုတ်ဆက်ရန်
အမတော်အဆောင်ဘက်သို့လှမ်းလာခဲ့တော့သည်။

အချိန်က မနက်ခင်းပိုင်းဖြစ်သည့်တိုင် နည်းနည်းတော့စောနေသေးသည်။
နန်းတော်ရဲ့အစေခံတွေနဲ့အခြွေရံတချို့ကတော့
ဟိုသည်ကူးသန်းနေကျဖြစ်လို့
တိတ်ဆိတ်၍သာနေပြီး ခြောက်ကပ်၍တော့မနေပေ။

မီးနိုင်ငံတော်ရဲ့ လက်ဆက်တဲ့လေထုနွေးနွေးကိုခံစားရင်းနဲ့ပဲ
အနည်းလှမ်းတဲ့အမတော်အဆောင်စီ ​ရောက်လာခဲ့သည်။

အခြွေရံလေးတချို့က လီရှန်းအားမြင်သည်နှင့် အားကိုးဖွယ်တစ်ခုအားတွေ့လိုက်ရသည့်နှယ် မျက်နှာအသွင်ပြင်တွေဖြစ်သွားတာကြောင့်
လီရှန်းမှာစိတ်ထဲတစ်မျိုးခံစားလာရသည်။

"မိဖုရားရှီ နိုးပြီလား"

"ဟုတ်ကဲ့နိုးပါပြီ ဒါပေမယ့်...."

ထိုအခြွေရံကောင်မလေးမှာ
စကားဆက်ချန်ကာ ပြောရခက်နေပုံရတာကြောင့်
လီရှန်းမှာမမေးပဲမနေနိုင်တော့...

The frozen heart of the fire king (S-2) Completed Where stories live. Discover now