part 16

12.1K 1.6K 37
                                    


လက်ဆက်ပွဲသည်အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်သည်။

ချီရှင်းတို့နဲ့ ​သေရည်အတူသောက်နေရပေမယ့်လည်း
စိတ်က ဖြူလျော်နေတဲ့ထိုကလေးမျက်နှာကိုမြင်ယောင်နေမိသည်။
ဖုန်းရွှမ်ရဲ့စိတ်ရင်းကို ခုထိမသိသေးတာကြောင့်
ဘယ်လောက်များစိတ်မကောင်းဖြစ်နေရှာမလဲ။

တကယ်ဆို ဒီလက်ဆက်ပွဲကိုလက်မခံခဲ့သင့်တာ။
လက်ဆက်ဖို့လာကြောင်းလမ်းထဲက ငြင်းခဲ့သင့်တာ။
အဲဒီအချိန်တုန်းက ငြင်းလိုက်ရင် လိပ်ပြာမျိုးနွယ်စုနဲ့ နောက်ပိုင်းအဆင်မပြေဖြစ်မှာစိုးလို့
ဘာပဲပြောပြော အဲဒီလူသားကောင်လေးရဲ့ လက်ရှိမျိုးနွယ်လည်းဖြစ်နေလို့
လက်ခံလိုက်ပေမယ့် မထင်မှတ်ပဲ
ထပ်ပြီးနာကျင်အောင်လုပ်မိပြန်ပြီ။

"ဖုန်းရွှမ် မင်းဘာလို့မျက်နှာမကောင်းဖြစ်နေတာလဲ"

ချီရှင်းမေးခွန်းထွက်လာမှ ကိုယ့်ကိုပြန်သတိထားမိတော့သည်။

စင်စစ်တော့ စာပွဲဝိုင်းငြိမ်သက်သွားတာကို ဖုန်းရွှမ်သတိမထားလိုက်မိခြင်းပင်။

ရှူံးယဲ့နဲ့လင်ရှီးမှာလည်း မျက်နှာမကောင်းစွာနဲ့ ကျောက်ရုပ်လိုငြိမ်သက်နေတဲ့
ချင်းဖုန်းရွှမ်ကိုမဝံ့မရဲကြည့်နေကျသည်။

အခြေနေကတိတ်ဆိတ်နေသည်။

"ငါ...နည်းနည်းပင်ပန်းနေလို့"

ထိုသို့သာပြောပြီး စားပွဲဝိုင်းကနေထပြန်သည်တဲ့။

"အရင်မင်္ဂလာပွဲတွေတုန်းကဒီလိုမဟုတ်ပါဘူး
ဘယ်လိုဖြစ်တာပါလိမ့်"

ချီရှင်းပြောပြီးသည်နှင့် ငှဲ့ထားပြီးသားသေရည်ကို တကျိုတ်ထဲမော့လိုက်ပြစ်လိုက်သည်။

"တော်တော်လေးစိတ်မကြည်နေပုံပဲနော် "

ရှူံးယဲ့စကားကမှန်နေတာမို့ သုံးဦးသားမှာသက်ပျင်းသာချနိုင်သည်။

စွမ်းအင်တွေပြန်ရလာပြီးနောက်မှ
ဖုန်းရွှမ်က တဖြည်းဖြည်း နားလည်ရခက်လာတာကြောင့်လည်းပါသည်။
အရင်လိုမဟုတ်တော့ဘူးဆိုတာကို သိနေကျပေမယ့်လည်း ထုတ်မပြောဖြစ်ကျပဲ မသိလိုသာနေခဲ့ကျသည်က ခံစားချက်တစ်စုံတစ်ရာကို ထွင်းဖောက်မြင်နေရလို့များလား...။

The frozen heart of the fire king (S-2) Completed Where stories live. Discover now