part 34

6.6K 1K 53
                                    


လိပ်ပြာမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဟောင်း
ရှီသွုင်းနဲ့ သူ့ဇနီးချွင်ရုံတို့ဆုံးတာဟာ သုံးရက်မြောက်ခဲ့ပြီ။

ထိုရောဂါရဲ့ထုံးစံအတိုင်းပဲ ​တောင်ပံတွေပုတ်ဆွေး
သွားရင်းက အသက်ပါဆုံးရူံးခဲ့ရခြင်းပင်ဖြစ်သည်။

အကြောင်းကြားခဲ့သည့် ရှီလီယန်းတောင်မှရောက်မလာခဲ့ပဲ
သူနဲ့ပက်သက်တဲ့မီးနိုင်ငံတော်ဆိုတာကဝေးလို့
အကြောင်းကြားထားတာတောင်မှ
ဒီနေ့ထိ ဘယ်သူမှရောက်မလာခဲ့ဘူးတဲ့လေ။

လီရှန်းတစ်ယောက်မှာလည်း သူ့မိဘတွေရဲ့မြေပုံဘေးမှာ ဒူးထောက်နေရက်သားနှင့်
တုပ်တုပ်မလူပ်ခဲ့တာလည်းနှစ်ရက်ကျော်ရှိခဲ့ပြီး
စစ်ကျိုးနဲ့ထျန်းအိုင့်မပြောလေနဲ့ နဂါးမင်းနှစ်သိမ့်ပြီးအနားယူခိုင်းတာတောင်မရခဲ့ဘူး။

နဂါးမင်းတို့မိသားစုမှာလည်း လီရှန်းအားအရိပ်တကြည့်ကြည့်နေရပြီး ဘယ်တော့များ သတိလစ်ကျသွားမလဲဆိုတာကိုပဲ ကြည့်နေရသည်။

ဆုံးပါးသွားပြီဆို တဲ့သတင်းလည်း ပျံ့သင့်သလောက်ပျံ့သွားပြီဖြစ်လို့
အနှေးနဲ့အမြန်ဆိုသလို တခြားမျိုးနွယ်စုရဲ့အရေးပါသူတချို့လည်း
လာရောက်ကျတော့မည်။
သို့ပေသည့် ထူးဆန်းသည်က ကြိုအကြောင်းထားသည့်မီးနိုင်ငံတော်က ခုထိအရိပ်စလေးတောင်မမြင်ရသေးသည်ကိုပင်။

တကယ်ဆိုလျှင် အရေးကြီးအကြောင်းထားထဲက ရှီလီယန်းလာရောက်သင့်တာဖြစ်ပြီး ဆုံးပါးပြီးနောက်လည်း ထပ်အကြောင်းကြားခဲ့တာမို့ ချင်းဖုန်းရွှမ်တာင်လာရောက်သင့်သည်ကို
လက်အောက်ငယ်သားတောင်ရောက်မလာခဲ့၍လည်း
နဂါးမျိုးနွယ်စုမှာ လိပ်ပြာမျိုးနွယ်စုအစားစိတ်တိုချင်နေပြီဖြစ်သည်။

ရန်ချန်သွမ့်မှာ သားဖြစ်သူနှစ်ယောက်အား လီရှန်းအားအဝေးကနေသာကြည့်နေပြီး လဲကျသွားမှသာ အဆောင်ကိုပြန်ခေါ်ခဲ့ဖို့မှာခဲ့ရသည်။

အချိန်ကအနာဟူသည်ကို တိုက်စားသွားသည်ဆိုသည့်အတိုင်း ထိုကလေးအတွက်လည်းအချိန်လိုဦးမှာမို့
လောလောဆယ်မှာ ဘာပြောပြော နားထဲရောက်ဦးမည်မဟုတ်တာကိုလည်းသိထားသည်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now