part 10

13K 1.9K 49
                                    


ရှန်းကူး ချင်းဖုန်းရွှမ်အဆောင်ကပြန်လာသည့်တိုင်
လီရှန်းမှာ ရှန်းကူးသွားစဉ်ကကဲ့သို့
စားပွဲတွင်ငိုင်ငိုင်လေးထိုင်နတုန်းပင်။
အဖြေပေါ်အောင်စဉ်းစားနိုင်မှာလည်းမဟုတ်ပဲနဲ့ သက်သက်စိတ်ဆင်းရဲခံနေတာကို သိပေမယ့်လည်း အပြစ်တော့မဆိုရက်ပေ။

ရှန်းကူးဝင်လာသည်ကိုလည်း သိပူံမပေါ်ပဲ
မျက်တောင်ခက်ဖို့ကိုပင် သတိရရဲ့လာတော့မသိ
ဒီကလေးက ဘာလို့ဒီလောက်အစွဲကြီးရတာလဲ။

တကယ်ဆို နှစ်ရာချီပြီးကြာနေပြီပဲကို...
နှစ်နှစ်ရာဆိုတဲ့ကာလက လူတစ်ယောက်ကိုမေ့ဖို့အတွက်တော့ လုံလောက်တဲ့အချိန်ပဲမဟုတ်ဘူးလား။
ဒါကိုဘာလို့ ဒီကလေးကမမေ့နိုင်သေးသည်လည်း။
ဘာလို့ ချင်းဖုန်းရွှမ်နဲ့ပက်သက်ရင်
ခုထိစိတ်ဆင်းရဲခံနေသည်လည်းမပြောတတ်တော့ပေ။

"ဘာတွေများဒီလောက်စဉ်းစားနေတာလဲ
ဘာလဲ ချင်းဖုန်းရွှမ်က မင်းမသိအောင်
ညဘက်တွေမင်းစီလာအိပ်နေတယ်လို့ထင်လို့လား"

စိတ်ဆင်းရဲစရာတွေလည်းကင်းသွားပြီမို့ ခပ်စစရယ်ရင်းစလိုက်တော့ ကလေးငယ်လေးတစ်ယောက်
စိတ်ကောက်သည့်အကြည့်နဲ့ကြည့်လာသည့်တဲ့...

အမှန်တရားကိုဆိုလိုက်ပေမယ့်လည်း လီရှန်းကတော့
စနေသည်လို့ထင်နေပုံရသည်။

အချိန်တွေဒီလောက်အကြာကြီး သိကျွမ်းခဲ့ပြီးတာတောင်
ဒီကလေးရဲ့စိတ်တိုနေသည့်ပုံကို ခုထိမမြင်ဖူးခဲ့ပေ။
ပျော်နေသည့်အရိပ်အယောင်ကိုတောင် ချင်းဖုန်းရွမ်သတင်းကြားရသည့်အခါမျိုးမ
ှရံဖန်ရန်ခါ တွေ့ရတတ်သည်ပဲရှိခဲ့ဖူးသည်။

"မ မဟုတ်တာ ရှန်းကူးကလည်း
ဘယ်ချိန်ကရောက်နေတာလဲ"

ငြင်းဆန်နေသည့်ပုံက အတွေးတို့လူမိသွားသည့်အလားပင်
ရှန်းကူးခွီခနဲကျိတ်ရယ်လိုက်ရင်း
မျက်နှာပြန်တည်လိုက်ကာ လီရှန်းရှေ့ဝင်ထိုင်လိုက်သည်။

"ငါရောက်နေတာဖြင့်ကြာနေပြီ
ဒါနဲ့ မင်းရဲ့အမစီမသွားဘူးလား
ဘာပဲပြောပြော ​နေရာသစ်ဆိုတော့ စိတ်မသက်သာဖြစ်နေမှာပဲသွားမကြည့်ဘူးလား"

The frozen heart of the fire king (S-2) Completed Where stories live. Discover now