part 4

13.2K 1.9K 85
                                    


"ပျော်နေတာကိုမြင်ရတာဒါပထမဆုံးပဲ"

ရေရွတ်လာသူကတော့ ဝုရင်းယာန်၏ခမည်းတော် ကောင်းကင်မြို့တော်၏ဧကရာဇ်ပင်။
မြေးတော်ဖြစ်သူရဲ့ စိတ်အားတတ်ကြွနေသည့်ပုံအားကြည့်ကာ ပီတိဖြာဝေနေသည်တဲ့...။
ရင်းယာန်ဟက်ခနဲရယ်ချလိုက်မိသည်။

"ဒါပေါ့ ...သူမွေးထဲက တစ်ခါလေးတောင်မမြင်ရတဲ့အဖေနဲ့ တွေ့ရတော့မှာလေ.."

ဟုတ်သည်။

တချိန်ကရွှမ်နိက မီးနိုင်ငံတော်အပေါ်၌ယုတ်မာခဲ့သည်။
လူ့ပြည်မှာသောင်းကျန်းနေတဲ့
မြေခွေးမောင်နှမကို ကောင်းကင်မြို့တော်ကအင်အားသုံးဖမ်းစီးခဲ့ပြီး
ချင်းဖုန်းရွှမ်က မီးနိုင်ငံတော်ရဲ့ထိန်းသိမ်းရေးတောထဲမှာ နှစ်တွေအကြာကြီးထိန်းသိမ်းထားခဲ့သည်။

ယုတ်မာတတ်တဲ့စိတ်ရိုင်းနဲ့ လူသားစားချင်တဲ့စိတ်တို့ကိုထိန်းချုပ်နိုင်လျှင် မီးနိုင်ငံတော်က ထွက်သွားခွင့်ပေးမယ်ဟု ပြောထားခဲ့ပေမယ့်လည်း
ထိုအချိန်မရောက်ခင်မှာပဲ ရွှမ်နိက မြွေမျိုးနွယ်နဲ့လျို့ဝှက်ဆက်သွယ်ကာ မီးနိုင်ငံတော်အားဒုက္ခရောက်စေခဲ့သည်။
မထင်မှတ်ပဲ မီးနိုင်ငံတော်က ထိုအရေးတွင်အနိုင်ရခဲ့ကာ
ပြန်လည်အင်အားကြီးလာတော့ ရွှမ်နိအား မြေအောက်အကျဉ်းထောင်တွင်း၌ အပြစ်ပေးခဲ့သည်။
ညီမဖြစ်သူရဲ့လုပ်ရပ်ကိုသိပေမယ့် အသိမပေးခဲ့သည့်ဇောင်လိ့အားလည်း
မီးနိုင်ငံတော်က အမျက်ထွက်ခဲ့ပေသည်။

ထိုအချိန်က ဇောင်လိ့မှာ ကောင်ကင်မြို့တော်၏သွေးသားအား လွယ်ထားရချိန်ဖြစ်နေတော့ မွေးဖွားခြင်းပြီးတာနဲ့ဇောင်လိ့အားလည်း မြေတိုက်အကျဉ်းထောင်တွင်အပြစ်ခံစေခဲ့သည်။
ကလေးက မိန်းကလေးလား ​ယောက်ကျားလေးလားတောင် ဇောင်လိ့အားမသိစေခဲ့ပေ။

ဘယ်လိုနေနေရလည်းဆိုတာလည်း သွားကြည့်လို့မရ။ ဒီနှစ်တွေထဲမှာ ရင်းယာန်ခဏခဏသွားခဲ့ပေမယ့်လည်း
ခဏလေးတောင်တွေ့ခွင့်မပေးခဲ့တာကြောင့်
နောက်ဆုံးလက်လျော့ခဲ့ရသည်သာပင်။

"သူလည်းအရွယ်ရောက်နေပြီ မင်းလိုပရမ်းမတာတွေနဲ့မဖြစ်စေနဲ့ ငါသူ့အတွက်ရွေးထားတာကို ချင်းဖုန်းရွှမ်ကဦးသွားတယ် "

The frozen heart of the fire king (S-2) Completed Where stories live. Discover now