part 17

11.9K 1.7K 100
                                    


"ယုတ်မာလိုက်တာ...."

လီရှန်း ကိုယ့်ဘာသာရေရွတ်ရင်း မျက်ရည်လည်းမဆယ်နိုင်ပေ။
အိမ်မက်ဖြစ်ပါစေလို့ဆုတောင်းခဲ့ပေမယ့်လည်း အိပ်မက်ဟုတ်မနေခဲ့ပဲ နာကျင်ခြင်းမရှိ​တော့သည့်တိုင် ချိနဲ့နေတဲ့ခန္ဓာကိုယ်နဲ့တင်ရိပ်မိနိုင်သည်လေ။

ဖြစ်နိုင်ရင်နိုးတောင်မလာချင်ခဲ့ဘူး။

အနည်းဆုံးတော့ ဒီလိုလုပ်ရပ်ကြီးလုပ်ခဲ့ရင်တောင် စကားလေးလောက်ဖြစ်ဖြစ်တော့ ပြောသွားသင့်တာပေါ့။
ဘယ်လိုပဲအညှီအနှောက်ကိစ္စတွေမှာ စိတ်အားထက်သန်တယ်ပြောပြော မိန်းမဖြစ်သူရဲ့မောင်ကိုတော့ရှောင်ရမှာပေါ့။

လူအလာနည်းတဲ့အဆောင်မှာ ညဘက်တစ်ယောက်ထဲတွေ့တာနဲ့ ဒီလိုအနိုင်ကျင့်စရာလား။
ပြီးတော့ မိုးလင်းတော့အနားမှာလည်းမရှိတော့ဘူး။

မမသာသိသွားရင် ဘယ်လိုမျက်နှာမျိုးနဲ့ရင်ဆိုင်ရပါ့မလဲ...

ဘာလို့အမရဲ့ယောက်ကျားနဲ့မှအတူနေမိရတာလဲ...

ိဆိုးလိုက်တဲ့ဘဝပဲ..

.
.
.
.
.
.
.
အားရအောင်ငိုပြီးတာနဲ့ လီရှန်းပြန်လာခဲ့သည်။
အချိန်ကမနက်လင်းဖို့ အနည်းငယ်စောသေးတာကြောင့်ထင် အကိုရန်တို့မှာအိပ်ပျော်နေကျတုန်းပင်။

ရေချိုးပြီး ခန္ဓာကိုယ်ကအနံ့တချို့ကို ဖယ်ရှားပြစ်လိုက်နိုင်ပေမယ့် လည်ပင်းတစ်ခုလုံးက နီစွေးစွေးအရာတွေနဲ့ပြည့်နက်နေကာ မြင်လို့တောင်မကောင်းပေ။

လူမြင်ခံလို့မရတဲ့အရာမို့ လီရှန်းမှာအကြံအိုက်နေတုန်း
အမြဲဆောင်ထားတတ်တဲ့ ​ဆေးမူန်လေးတွေသတိရသွားသည်။
ထိုဆေးမူန်လေးတွေက ပန်းပေါင်းစုံရဲ့ဝတ်ဆံနဲ့ ​ဆေးတို့ရောစပ်ထားတဲ့အမူန်လေးတွေဖြစ်ပြီး မည်သည့်ဒဏ်ရာမဆို အသုံးပြုလို့ရကာ လိပ်ပြာမျိုးနွယ်တိုင်း ဆောင်ထားတတ်လေ့ရှိကျသည်ပင်။

ထိုရွှေဝါရောင်အမူန့်လေးတွေကို လည်ပင်တစ်လျောက်ဖိသိပ်ကြည့်တော့ အမှတ်ရာတချို့မှာ အရောင်ဖျော့လာသဖြင့် ဝမ်းသာအားရနှင့်အမူန့်တော်တော်များများအသုံးပြုကြည့်တော့ မသိသာတော့သည့်အနေထားသို့ပင် ​ရောက်ရှိသွားသည်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now