part 36

7.3K 1.1K 49
                                    


မိုးလင်းလို့နောက်တစ်နေ့အကူးမှာတော့...
ကောင်းကင်မြို့တော်ဟာ မိစ္ဆာနတ်ဆေးသမားတော်ရှန်းကူးကို အမိန့်ချလာခဲ့တယ်။

အပြစ်ဟာတော့ ဒီဘဝကိုအဆုံးသတ်ပြီး
မြေအောက်လောကမှာ နှစ်တစ်ရာတိတာဝန်ထမ်းဆောင်ဖို့ပါတဲ့။
နောက်....သူရဲ့ ဆိုးဝါးတဲ့ဆေးဖော်စပ်နည်းအတတ်ကိုလည်း ဖျတ်စီးစေခဲ့တယ်။

ဒါက သူရဲ့ သဘာဝတရားရဲ့စည်းကိုချိုးဖောက်ခဲ့တဲ့အပြစ်ရဲ့ ပြစ်ဒဏ်ပါတဲ့။

ချင်းဖုန်းရွှမ်ကတော့ ရှီလီရှန်းရဲ့အသက်မဲ့ခန္ဓာကိုယ်ကို
လိပ်ပြာမျိုးနွယ်စုတွေနဲ့လုလိုက်ကျသေးတယ်။
နဂါးမျိုးနွယ်က ရှီလီရှန်းရဲ့ ခန္ဓာကိုယ်ကို လိပ်ပြာမျိုးနွယ်မှာပဲ မိသားစုနဲ့အတူထားရှိဖို့ဆန္ဒရှိခဲ့ပေမယ့် ချင်းဖုန်းရွှမ်ကပြန်မပေးချင်ခဲ့ဖူး။
သူက သူ့ရဲ့ပန်းချီကားထဲမှာပဲ သိမ်းထားချင်ပါသတဲ့လေ။

ထိုအခြေနေကို ကောင်းကင်မြို့တော်ရဲ့အမိန့်နဲ့ပဲပြေလည်စေပြီး
ချင်းဖုန်းရွှမ်ကို အတော်ကိုနားချယူလိုက်ရပေမယ့်
ချင်းဖုန်းရွှမ်က ဘယ်သူ့ကိုမှတော့ထိခိုက်အောင်မလုပ်ခဲ့ဘူး။

သူသာဒီအခြေနေကိုလက်မခံခဲ့ဖူးဆိုရင်
အကုန်လုံးကို ရန်မူလို့ရသည့်အနေထားရှိသည်ဆိုသည့်တိုင်လည်း ကောင်းကင်မြို့တော်ကို ​ကြောက်စရာမလိုဘူးဆိုသည့်တိုင်လည်း ထပ်ပြီးဘာပြဿနာမှတော့ရှာမလာခဲ့တော့ဘူး။

နောက်...​ကောင်းကင်မြို့တော်ရဲ့ ချင်းဖုန်းရွှမ်အတွက်အပြစ်ဟာ နှစ်တစ်ရာထိပိတ်လှောင်ထားခြင်းပါတဲ့။

နှစ်တစ်ရာလုံး ချင်းဖုန်းရွှမ်ဟာ
နေ၊လေနဲ့တောင်ထိတွေ့ခွင့်မရှိပဲ
တစ်စုံတစ်ဦးနဲ့မှလည်း စကားပြောခွင့်တွေ့ခွင့်မရှိပဲ
ထိုအချိန်ကာလပတ်လုံး ပိတ်လှောင်ခံထားရမည့်ပြစ်ဒဏ်ပါတဲ့။

ချင်းဖုန်းရွှမ်က ထိုပြစ်ဒဏ်ကို နည်းနည်းလေးမှတောင်ငြင်းဆန်ခြင်းအလျှင်းမရှိပါပဲလက်ခံခဲ့ကာ သူ့အားပိတ်လှောင်ဖို့နေရာကိုတော့
သူကိုယ်တိုင်ရွေးချယ်ခဲ့ပြီး ထိုနေရာကတော့
သူ့အဆောင်ထဲမှာရှိတဲ့ ပန်းချီကားတစ်ချပ်ထဲတွင်ဖြစ်ပြီး

The frozen heart of the fire king (S-2) Completed Where stories live. Discover now