part 2

15.5K 2K 90
                                    


သွေးကြောရှင်ရှင်တွေ ​ဖောက်ထွက်မတတ်ထောင်ထနေတဲ့ လက်ကောက်ဝတ်က ကြည့်ကောင်းတယ်ဆိုပေမယ့်လည်း တဆက်ဆက်တုန်ခါ၍နေလေသည်။
အားနဲ့ညစ်ထားတဲ့လက်သီးဆုပ်ကိုကြည့်ရုံနဲ့ ဘယ်လောက်တောင်ဒေါသထွက်နေသလဲဆိုတာ သိနိုင်သည်။
ထိုဒေါသကြီးစွာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်နေခြင်းကို စားပွဲပေါ်မေးထောက်ကာ ပဲလှော်လေးအေးအေးဆေးဆေးဝါးကာဖြင့် ကြည့်နေသူလည်းရှိသည်။
ထိုသူကရှန်းကူးပါတည့်။

"ဒေါသထွက်လား...."

အကောင်းနဲ့မေးသည်လည်းဖြစ်နိုင်ပေမယ့် လီရှန်းအတွက်ကတော့ ပို၍တောင်ဒေါသဖြစ်အောင်စနေသည့်နှယ်။

"အခုအဲဒါကို စကားလုပ်ပြီးပြောနေတာလား"

ဒေါသတွေရမ်းပုံမီးကျမဖြစ်အောင် မနည်းကိုထိန်းထားရသည်။ဒီရှန်းကူးဆိုသူက ဒီလိုစရမည်ဆိုလျှင်နှစ်ယောက်ရှိသူတော့မဟုတ်။

"အဲတော့....သွားမှာလားမီးနိုင်ငံတော်ကို"

ဒီကိုလာရင်းအကြောင်းရင်းက ဒီစကားမေးဖို့ဆိုတာသိပေမယ့်လည်း ထိုစကားကိုခုထိပြန်မဖြေနိုင်သေးပေ။
တခြားမျိုးနွယ်စုကမင်းသမီးတွေရဲ့ လက်ဆက်ပွဲအခမ်းနားတွေဖိတ်ကြားခဲ့တုန်းက မျက်နှာပူပေမယ့်လည်းမသွားခဲ့။
ထို့ကြောင့်လည်း တီးတိုးစကားတွေတောင်အပြောခံခဲ့ရသည်။
အခု အမဖြစ်သူရဲ့လက်ဆက်ပွဲကိုမှမသွားလျှင် အဖေနဲ့အမေပါတစ်မျိုးမြင်လာမှာစိုးရသည်။

ရှန်းကူးကတော့
အဖြေကိုစောင့်နေစဲဖြစ်ဟန်တူကာ
ပဲလှော်အား
ဆက်ကာအေးအေးဆေးဆေးဝါးနေလေသည်။

အတော်ကြာသည်ထိ လီရှန်းနုတ်ကစကားတစ်ခွန်းမပြောနိုင်ခဲ့ပဲ တွေးတိုင်းလည်း အဖြေမပေါ်ခဲ့သည့်ကိစ္စကြီးပင်။

"နာမကျန်းဖြစ်ဟန်ဆောင်ပြီးတော့ နေခဲ့လိုက်ပါ့မယ်"

ဒါကစဉ်စစားရသမျှအကြံညဏ်အကုန်ပင်။ဒီထက်အဆင်ပြေသည့်နည်းလမ်းလည်း ရှိတော့မည်မဟုတ်ပေ။

ထိုအခါ ရှန်းကူးက မထုံတတ်တေးဖြင့်ကြည့်လာကာ..

"လုံးဝမသွားရဘူးလို့တော့ မပြောခဲ့မိဘူးလားလို့"

The frozen heart of the fire king (S-2) Completed Where stories live. Discover now