part 32

7.2K 1K 28
                                    

"ချင်းဖုန်းရွှမ်...မင်းအဲလိုလုပ်လို့မရဘူးနော်

ထိုစကားကို ရှန်းကူးက
ထိတ်လန့်ခြင်းများနှင့်အတူ ပြောလိုက်ခြင်းပင်။

မူမမှန်တဲ့ခံစားချက်တွေက ချင်းဖုန်းရွှန်ဆိုသည်ကိုသေချာသိနေတာကြောင့် ဒီလိုမျိုး လိပ်ပြာမျိုးနွယ်စုကနေ မီးနိုင်ငံတော်ကိုအပြေးလာခဲ့ရတာ။

လမ်းတစ်လျောက်လုံး ဘာကိုမှတောင်မစဉ်းစားနိုင်ခဲ့ဘူး။

အစထဲက ရှီခေါင်းဆောင်တို့ကိုသတ်ပြစ်မယ်လို့ ချင်းဖုန်းရွှမ်ပြောခဲ့တယ်ပဲထားဦး အဲဒီတုန်းက အဆင်ပြေရင်ပြီးပြီလို့ပဲလွယ်လွယ်လေးတွေးမိခဲ့တာ။

ဒါပေမယ့်ဒါကမဟုတ်သေးဘူး...။
ဒါကလုံးဝကိုဆိုးဝါးတဲ့လုပ်ရပ်ပဲ။

ကိုယ်တိုင်ကကောင်းခဲ့တဲ့သူမဟုတ်ခဲ့ပဲ
နှစ်တွေအများကြီး မကောင်းတာတွေကိုစွန့်ပြစ်ခဲ့မိလို့လားပဲ
ကောင်းတာတွေလုပ်ပြီးတဲ့နောက်မှာ ဆိုးဝါးတဲ့လုပ်ရပ်တွေကိုမလုပ်နိုင်တော့ဘူး။

ရှန်းကူးရဲ့ အမူယာပျက်နေတဲ့ပုံရိပ်နဲ့ ထိတ်လန့်နေတဲ့မျက်ဝန်းတွေကြောင့်လားတော့မသိဖုန်းရွှမ်ကမမိုတ်မသုန်စိုက်ကြည့်လာခဲ့သည်။

ခဏတော့အတွေးများလျက်ရှိဟန်တူပြီး
အတော်ကြာမှအေးစက်စက်စကားသံတို့ပေါ်ထွက်လာကာ...

"အစကတည်းက ရှန်းကူးကိုပြောခဲ့ပြီးသားပဲမဟုတ်ဘူးလား "

ဖုန်းရွှမ်ဆိုတာသေချာသိခဲ့ပေမယ့် မသိစိတ်နည်းနည်းလေးကတော့ မဟုတ်ပါစေနဲ့ဆုတောင်းနေခဲ့တာကို အဲဒီစကားက လုံးဝကြီးသေချာသွားတာမဟုတ်ဘူးလား။

ချင်းဖုန်းရွှမ်လုပ်ခဲ့တာပဲ...
တကယ်ကြီး ချင်းဖုန်းရွှမ်ကလုပ်ခဲ့တာ.....။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ယောက္ခမတော်တွေပဲမဟုတ်ဘူးလား..။
ဘာလိုလုပ်ပြီးများ တစ်ချက်လေးတောင်မတွေဝေပဲလုပ်နိုင်ခဲ့ရတာလဲ။

တုန်ရီစပြုလာတဲ့လက်ဖျားတွေကိုငြိမ်သက်စေရန် ရှန်းကူးမှာ လက်သီးတင်းတင်းဆုပ်ထားရသည် ။
ထို့နောက်ဖုန်းရွှမ်အားကြည့်မိရင်း...

The frozen heart of the fire king (S-2) Completed Where stories live. Discover now