part 25

11.8K 1.6K 94
                                    

"မင်းကတော့လေ ငါတို့ ခမည်းတော်ကိုဘယ်လိုပြန်ပြောရတော့မလဲ"

ထျန်းအိုင့်သည် သိသိသာသာမျက်နှာပျက်ယွင်းကာဖြင့် လီရှန်းအားဆူငေါက်လာသည်။
ခမည်းတော်က လီရှန်းအားမျှော်နေခဲ့သည်မှာ ကြာပြီဖြစ်လို့စိတ်ပင်ဆိုးနေချေရော့မည်။
ဒါကိုလိုက်မယ်ပြောပြီးကာမှ ပြောင်းလဲသွားသည်က စိတ်တိုစရာပင်။

"အကိုတော်တို့ စိတ်မဆိုးပါနဲ့
မကြာခင် သေချာပေါက်ရောက်အောင်လာခဲ့ပါ့မယ်"

လီရှန်းမှာ အကိုတော်တွေစိတ်မငြိုငြင်အောင် အမတော်ရှီလီယန်းရဲ့ကျန်းမာရေးကို စိတ်ပူကြောင်းကို အပ်ကြောင်းထပ်အောင်ပြောပါသော်လည်း နဂါးညီကိုမှာတော့ မျက်နှာတော်တို့ကအရောင်ပြောင်းနေမြဲပင်။

ထိုကြောင့် လီရှန်းတစ်ယောက် သုန်မူန်နေတဲ့ထျန်းအိုင့်အား မျက်နှာချိုသွေးနေရသည်။

"ညီလေးရှီ ဒါတော့မဟုတ်သေးဘူးလေ
လိုက်မယ်လို့ပြောပြီးသားကိစ္စပဲမဟုတ်ဘူးလား"

စစ်ကျိုးက ထိုစကားကို မျက်နှာလွဲရင်းဆိုလာခြင်းပင်။
စိတ်ခုနေပုံရတဲ့စစ်ကျိုးမှာ မျက်နှာကလည်းလုံးဝကိုမကောင်းနေပေ.။

" တစ်ခါထဲပါ
အမ​တော်က မီးနိုင်ငံတော်နဲ့သိပ်အသားမကျသေးပဲ
ဒီလိုမျိုးမိသားစုနဲ့လည်း အဝေးကြီးမနေဘူးတော့
နည်းနည်းဂရုစိုက်ပေးချင်လို့ပါ ဒီတစ်ခါပဲလေ
တောင်းဆိုတာပါ"

စစ်ကျိုးသည် ထိုစကားနားထောင်ပြီးအတော်လေးကြာမှ သက်ပျင်းရှည်ကြီးချလာသည်။

မလိုက်ချင်သည့်သူကို အတင်းဆွဲခေါ်သွားဖို့ကလည်း မဖြစ်နိုင်တော့ ဘာများတတ်နိုင်မှာတဲ့လဲ။
ခမည်းတော်ကိုသာ အကြောင်းပြချက်ကောင်းကောင်းပေးနိုင်ဖို့ အပြန်လမ်းမှာ
ခေါင်းမီးတောက်အောင် စဉ်းစားရတော့မှာပေါ့။

"ကောင်းပြီလေ ...
ဆက်ဆက်လာခဲ့မယ်ဆိုတဲ့ညီလေးရှီရဲ့စကားကိုပဲယုံလိုက်တော့မယ်
မင်းကမှမလိုက်ချင်နေတာဆိုတော့လည်း မတတ်နိုင်ဘူးမဟုတ်ဘူးလား"

ထိုနောက် စကားပြတ်သည်နှင့်
နဂါးညီကိုမှာပြန်ဖို့ပြင်ကျတော့သည်။
ချက်ခြင်းကြီးလိုဖြစ်နေတာကြောင့် ရက်နည်းနည်းလောက်ထပ်နေဖို့
ပြောပေမယ့်လည်း အကိုရန်က
"ခမည်းတော်စီသတင်းပို့ရဦးမှာဆိုတော့ မြန်မြန်ပြန်ရမယ်လေ "ဟုဆိုလာသည်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now