part 37 (ဇာတ်သိမ်း)

11.7K 1.4K 75
                                    


နှစ်တစ်ရာတိ....။

နှစ်တစ်ရာဆိုသည့်ကာလတစ်ပတ်လုံးက ရှည်ကြာလွန်းလို့ ဖြစ်နိုင်လျှင် အချိန်တွေရစ်ပြစ်ဖို့ကိုသာ ဝုရင်းယာန်စိတ်ကူးနေခဲ့ရသည်။

ဒီနှစ်တစ်ရာအတွင်းမှာ ဘယ်လောက်တောင်အလုပ်တွေရူပ်ခဲ့ရလည်း။
လူ့သားမျိုးနွယ်နဲ့နတ်မျိုးနွယ်တွေကြား ဘယ်လောက်တောင်ကူးသန်းလိုက်ရပါလဲ။

နောက်ဆုံးတော့ ဒီနေ့ကိုရောက်လာခဲ့ပြီ။

ဒီနေ့ဟာ ချင်းဖုန်းရွှမ်ရဲ့ ပြစ်ဒဏ်ကျတဲ့နှစ်တစ်ရာပြည့်တဲ့နေ့ပဲ။

ဒီနေ့ရောက်ဖို့ ဘယ်လောက်တောင် ​စောင့်လိုက်ရပါသလဲဆိုတာကတော့ ပြောလို့ပင်မနေချင်တော့ဘူး။
လွန်ခဲ့တဲ့သုံးနှစ်ထဲက မီးနိုင်ငံကိုချောင်းပေါက်မတတ်လာပြီး အချိန်မပြည့်သေးတာသိသည့်တိုင် ချင်းဖုန်းရွှမ်အဆောင်နားမှာ ခြေရူပ်နေခဲ့ရတာ။

ဒီနေ့တော့ ရောက်လာခဲ့ပြီပေါ့။

ဒီနေ့က တကယ့်ကိုပျော်စရာနေ့ဖြစ်ပြီး စိတ်လူပ်ရှားနေတာက ဝုရင်းယာန်တစ်ယောက်ထဲတော့မဟုတ်လေဘူး။

ကောင်းကင်မြို့တော်ရဲ့နတ်စစ်သည်တွေအစီရင်တွေလာရုပ်သိမ်းလေတော့ မြေခွေးမလေးရွှမ်နိဆိုသည်က အပျော်တွေကိုမထိန်းနိုင်ပဲ ခုန်ပေါက်နေသည်ထိ။

ကောင်းကင်မြို့တော်ရဲ့ဧကရာဇ်ဆိုသည့် အမြင့်မြတ်ဆုံးဆိုတဲ့ပုလ္လင်ပေါ်မှာထိုင်နေတဲ့ ခမည်းတော်ဝုကျင့်ကိုယ်တိုင်ကလည်း ဝမ်းသာနေမှာဖြစ်ပြီး
ဇောင်လိ့တောင်မှပဲ မကြည်သလိုဖြစ်နေမှာပေမယ့်
ကျိတ်ပြီးဝမ်းသာနေရှာတော့မယ်။

နတ်စစ်သည်တော်တွေ အဆောင်ထဲကထဲကထွက်လာလေတော့ ကျို့မိန်းကလေးရဲ့သုံးယောက်ရဲ့အော်သံကလည်း နားမခံသာနိုင်အောင်စူးလွန်းလို့လှပြီး

မီးနိုင်ငံတော်ရဲ့ကျန်အရှင်သုံးယောက်ဟာလည်း
ချင်းဖုန်းရွှမ်ကိုပြန်တွေ့ရဖို့ စိတ်လူပ်ရှားနေကျတာကို အတိုင်းသားမြင်တွေ့နေရသည်က
ဒုတိယအရှင်ဘေးက အဖြူရောင်မိစ္ဆာလေးတောင်မှအပါအဝင်ပင်။

ဟုတ်သည် ။ ဟုန်ကျစ်သည်ပင်လည်း စိတ်ကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်လို့ ဒီလိုမျိုးလွတ်လပ်တဲ့ဘဝကိုရောက်နေရပြီ။

The frozen heart of the fire king (S-2) Completed Where stories live. Discover now