part 19

10.1K 1.6K 48
                                    

သို့နှင့် လေးဦးသားသည်
ပိုင်ဟွဲ့တော၏အဝင်ဝသို့ ရောက်ရှိလာကျတော့သည်။
ပိုင်ဟွဲ့တောသည် ထွက်နေသည့်သတင်းဂုဏ်အင်နဲ့လိုက်ဖက်စွာကို ကြည့်လိုက်သည်နှင့် မကောင်းဆိုးဝါးတောအုပ်မှန်းသိသာနေသည်။

တော၏အပြင်ဘက်ကနေကြည့်ရုံနဲ့တင် ခပ်မိုင်းမိုင်းဖြစ်နေကာ မိစ္ဆာအငွေ့သက်တွေကလည်း လိုင်လိုင်လျက်ထလျက်ပင်ရှိနေသည်။
ထို့ကြောင့်လည်း ဤသစ်တောသေကြီးလိုဖြစ်နေတဲ့ပိုင်ဟွဲ့တောကို လူသားတွေမဝင်ဝံ့ကျတာ နှစ်အတော်ပင်ကြာနေတာဖြစ်မည်။

လီရှန်းမှာ ပိုင်ဟွဲ့တောအားကြည့်ပြီး အသက်ပင်မရူချင်တော့။
ကြောက်လွန်းလို့တော့မဟုတ် မြေခွေးမောင်နှမနှင့်တွေ့ရမည်ကို စိုးရိမ်နေမိခြင်းပင်။
အိမ်ရှေ့စံရဲ့သားတော်ဆိုသည့် ကလေးနဲ့တွေ့တုန်းက ထိုကလေးရဲ့စကားက
နောက်ပြောင်မူ သက်သက်သာဖြစ်နိုင်ပေမယ့်လည်း
အခုကမူလီရှန်းမှာ အရှင်နဲ့တကယ်အိပ်လာခြင်းဖြစ်တာကြောင့် အနံ့ခံကောင်းတဲ့မြေခွးမျိုးနွယ်တွေက အရှင့်အနံ့ကိုရနေမှာအသေချာပင်။

သို့ဆိုလျှင် လီရှန်းမှာ
အမဖြစ်သူရဲ့ခင်ပွန်းနဲ့ဖောက်ပြန်နေသည့်
မကောင်းသည့်သူဖြစ်သွားမည်ပင်။
ူကိုယ်အပြောခံရတာက သိပ်ပြီးကိစ္စမရှိပေမယ့်လည်း
အမဖြစ်သူရဲ့သိက္ခာနဲ့ လိပ်ပြာမျိုးနွယ်စု၏သိက္ခာကရှိနေသေးသည်လေ။

ထို့ကြောင့်လီရှန်းသည် တောရဲ့အပြင်ဘက်တွင်သာ နေခဲ့ဖို့ဆုံးဖြတ်လိုက်မိသည်။

"ဟိုလေ...အကိုတို့..
ကျနော် ဒီကနေပဲ စောင့်နေခဲ့တာကောင်းမယ်ထင်တယ်"

ထိုစကားကြားတော့ တေါရဲ့အခြေနေကိုသုံးသပ်နေတဲ့ စစ်ကျိုးနဲ့ထျန်းအိုင့်မှာ ချက်ခြင်းဆိုသလို လီရှန်းအားလည့်ကြည့်လာလေသည်။

"မနေခဲ့ရပါဘူး ပိုင်ဟွဲ့တောက မိစ္ဆာမျိုးစုံရှိတဲ့ဟာကို တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

တကယ်ကိုလည်း ပိုင်ဟွဲ့တောက
အကိုရန်ပြောသလို မိစ္ဆာမျိုးစုံရှိသည့်နေရာမျိုးပင်။
ထို့ကြောင့် ဘယ်လိုနည်းနဲ့မှ လီရှန်းနေခဲ့ရမည်မထင်ပေ။

The frozen heart of the fire king (S-2) Completed Where stories live. Discover now