part 18

10.9K 1.6K 45
                                    


နောက်တစ်နေ့မနက်တွင်
ရှမ်းလုံမြို့ရှိ ဂူးထုစားသောက်ဆိုင်သို့ ရှန်းကူးအပါဝင် လေးယောက်သားရောက်လာကျလေသည်။

ရှန်းကူးပြောသည့်အတိုင်းပင် ဂူးထုစားသောင်ဆိုင်ဆိုသည်က အကြီးကျယ်ဆိုင်မျိုးဖြစ်ပေမယ့်လည်း လာရောက်တဲ့သူတွေကတော့လူတန်းစားအစုံပင်။

ရှန်းကူးထပ်မံပြောပြလာတဲ့စကားအရဆိုလျှင် နွမ်းပါးသူကစ လာရောက်စားသောက်နိုင်တဲ့ထိ ဈေးနူန်းကသင့်တင့်ကာ
ရှမ်းလုံမြို့ရဲ့ လက်ရာအကောင်းဆုံးစားသောက်ဆိုင်တွေထဲက တစ်ဆိုင်လည်းဖြစ်နေသေးသည်။

သို့သော်ယခုတွင်မူ
အချိန်ကစောနေသေးသည်မို့ထင်
ဆိုင်ထဲတွင်လူပြည့်မနေပေ။

လေးယောက်သား ဆိုင်ရဲ့နာမည်အကြီးဆုံးဟင်းဖြစ်တဲ့
သိုးသားဟင်းဆိုသည်နှင့် တခြားစားကောင်းလောက်မည့်ဟင်းတွေလည်းမှာကာ ဟင်းလာအပို့ကိုစောင့်နေကျရင်း
ထျန်းအိုင့်ကစကားစလာသည်။

"ညကစဉ်းစားမိတာလေ အဲဒီမိစ္ဆာကပြောပါတယ်
ရှမ်းလုံမြို့ထဲကများဖြစ်နေမလားမသိဘူးနော်"

ထျန်းအိုင့်ပြောသည်ကလည်း မဖြစ်နိုင်ဘူးလို့ပြောလို့မရပေ
ရှမ်းလုံမြို့ထဲကပဲ ​သေတဲ့သူများနေတာမို့ မိစ္ဆာကဒီ့မို့တွင်ပုန်းအောင်းနေသည်လည်းဖြစ်နိုင်သည်။

"သိချင်ရင်လွယ်ပါတယ်
မြို့က လူသေမူတွေခဏခဏဖြစ်နေတော့ စုံစမ်းမူတွေလုပ်ကျမှာပဲလေ "

ရှန်းကူးထိုသို့ပြောလာရင်း ပြောပြောဆိုဆိုနှင့်ပင် စားပွဲထိုကောင်လေးတစ်ယောက်အား လှမ်းခေါ်လေသည်။

"ဝေ့...ကောင်လေး.."

ထိုစားပွဲထိုးလေးသည်နားလျင်ပုံရသည်။
စားပွဲဝိုင်းနားအပြေးရောက်လာရှာသည်။

"လူကြီးမင်းတို့ ဘာများထပ်မှာချင်လို့လဲမသိဘူး"

ဒီကောင်လေးမှာ ဆိုင်ရဲ့တစ်ဖက်မှာရှိနေပေမယ့် အစားသောက်တွေမှာပြီးပြီဆိုတာကိုလည်း သိနေပုံရသည်။
ရှန်းကူးသည်အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။
ဒီလိုလူမျိုးကမှ သတင်းတွေမေးလို့ကောင်းမည့်သူမျိုးပင်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now