part 13

11.6K 1.6K 96
                                    


"ဦးလေးရှီ...ဒေါ်လေး...နေကောင်းပါရဲ့လား"

(ရှီသွုင်း - လိပ်ပြာမျိုးနွယ်စုခေါင်းဆောင်၊
ချွှင်ရုံ- လိပ်ပြာမျိုးနွယ်စုခေါင်းဆောင်၏ဇနီး)

ရိုသေစွာနုတ်ဆက်ရင်း ဂါဝရပြုလာတဲ့ထိုညီကိုနှစ်ယောက်က နဂါးမျို့းနွယ်စုရဲ့မင်းသားနှစ်ယောက်ပင်။

နဂါးဖြူ ရန်စစ်ကျိုး နဲ့ နဂါးနက် ရန်ထျန်းအိုင့် ဆိုသည်က စွမ်းအင်မြင့်မားသည့်အပြင် မျိုးနွယ်မြင့်သည့်နတ်မျိုးနွယ်တွေပင်။

သို့ဆိုလျှင်တောင်
ရိုင်းစိုင်းတတ်သည်ဆိုသည်ကားမရှိ။
ိသိမ်မွေ့သည့်စိတ်ထားက နက်နက်ရိုင်းရိုင်းလည်းရှိသည်။

လိပ်ပြာမျိုးနွယ်သည်က မသေမျိုးနွယ်ဖြစ်ရုံလေးတည်ရှိကာ မျိုးရိုးလည်းနိမ့်သည့်တိုင် လေးစားသမူရှိကျသည်။
ဘယ်သောအခါမှလည်း စော်ကားခြင်းရှိမည်မဟုတ်တဲ့ စိတ်ရင်းတွေကလည်း ယုံကြည်လို့ရနိုင်ပေသည်။

ရှီသွုင်း ရန်ညီအကိုကိုကြည့်ပြီးပြုံးမိသည်။
တတ်ကြွရွှင်လန်းနေသည့်ဟန်ပန်နှင့် အမြဲရယ်လျက်ရှိပြီး မြင်ရသူကိုလည်း စိတ်ချမ်းသာစေသည့် ထိုညီကိုတွေကိုတွေ့လိုက်ရင် လီရှန်းကိုထိုသို့ဖစ်စေချင်စိတ်က
ရောဂါပိုးတစ်ခုလို ထိန်းသိမ်းရခက်စွာခံစားရစမြဲပင်။

ပြုံးပြုံးကြီးပဲကြည့်နေပြီး ဘာစကားမှမဆိုလာတဲ့ရှိသွုင်းကြောင့် ချွင်ရုံအားနာလာသည်။

"ရှင်စကားပြောဦးမှာလား"

ချွင်ရုံစကားသံထွက်လာမှ ရှီသွုင်းရယ်နေတာကိုအရှိန်သပ်လိုက်ရင်း..

"ဟုတ်သားပဲမေ့သွားတယ် ထိုင်ကျ
စောစောရောက်နေတာကြားထားတာ ချင်းဖုန်းရွှမ်နဲ့တွေ့နေတာလား"

"ဟုတ်ကဲ့ 
တွေ့ပြီးစကားတွေအများကြီးပြောဖြစ်နေလို့
ဦးလေးတို့ကိုလာနုတ်ဆက်တာ
နောက်ကျနေတာပါ"

ထိုသို့ဖြေလာသည်က နဂါးမျိုးနွယ်၏ပထမသားတော်ဖြစ်သည့် နဂါးဖြူမင်းသားပင်။

မင်းသားငယ်နဲ့စာလျှင် တည်ငြိမ်ရင့်ကျက်တာမို့
ဆက်ခံသူလို့ပြောရင်လည်း မမှားနိုင်သည့်သူပင်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now