part 8

13K 2K 97
                                    


လီရှန်းစိတ်မှာမသာယာနိုင်တော့....
ဘာကြောင့်မင်းသားက ဒီလိုစကားမျိုးနဲ့နောက်ပြောင်သွားရသည်လဲ ။
ခုမှတွေ့ဖူးတဲ့သူတစ်ယောက်ကို ဒီလိုနောက်ပြောင်တာကတော့ လွန်လွန်းသည်မဟုတ်ပါဘူးလား။

မဖြစ်နိုင်ပါဘူးဆိုတာသိနေပေမယ့်လည့်း်စိတ်ကအတွေးထဲကမထွက်နိုင်တော့​ပေယ
အဖေနဲ့အမေစီတောင်မသွားနိုင်ပဲ ထိုစကားကသာ ခေါင်းထဲအပြည့်နေရာယူနေခဲ့သည်။
သို့သော်လည်း စဉ်းစားသလောက် ရောင့်ရဲနိုင်သည့်အဖြေလည်းရှာမတွေ့ခဲ့ပဲ...

ရှတ်တရက်ပွင့်သွားတဲ့တံခါးကြောင့် အဆောင်ထဲတစ်ယောက်ယောက်ဝင်လာတာ သိလိုက်ရသည်။
ထို့ကြောင့်ကြည့်မိတော့ရှန်းကူးပါတဲ့..

တကယ်ဆို လက်ဆက်ပွဲက နှစ်ရက်လောက်လိုသေးတာမို့ရှန်းကူးလာတာက စောလွန်းနေတာကြောင့် လီရှန်းနည်းနည်းတော့အံသြသွားမိသည်။

"ရှန်းကူး
လက်ဆက်ပွဲက နှစ်ရက်တောင်လိုသေးတယ်လေ"

ထိုအခါ ရှန်းကူးကစားပွဲမှာဝင်ထိုင်ရင်းဖြေလာသည်။

"သိတယ်မင်းအဆင်ပြေလားလာကြည့်တာ
ဘယ်သူမှမသိခင်ပြန်မှာ"

သြော်ဆိုသည်သာရေရွတ်ရင်း...

"အဆင်က ပြေပါတယ်"

ပါးစပ်ကသာ ပြေပါတယ်ပြောလိုက်ရပေမယ့် မျက်နှာကတော့ အဆင်မပြေမှန်းပေါ်လွင်နေမှာအမှန်ပင်။
ရှန်းကူးကလည်း သိနေသည့်အလား ငှဲ့လက်စလက်ဖက်ရည်ကိုတောင်ရပ်လိုက်ပြီး စိုးရိမ်တကြီးနှင့်မေးလာသည်။

"ဘာဖြစ်လို့လဲ
ချင်းဖုန်းရွှမ်နဲ့ မျက်နှာချင်းဆိုင်ပြီးပြီလား စကားရောပြောဖြစ်လား ပြောစမ်းပါ
ငါဘယ်လိုပဲစဉ်းစားစဉ်းစား ချင်းဖုန်းရွှမ်ကတော်ရုံလူမဟုတ်ဘူး သူရိပ်မိသွားရင်ပြဿနာတတ်လိမ့်မယ်"

"အဲဒါက...ရှန်းကူးအဲဒါကလေ"

လီရှန်း ဘယ်ကနေဘယ်လို စပြောရမှန်းမသိတော့ပေ။
အဆောင်တော်လွဲမိတာကိုပဲအရင်ပြောရမလား
မင်းသားရဲ့နောက်ပြောင်သည့်စကားကိုပဲ အရင်ပြောရမလား
မတွေးတတ်အောင်ဖြစ်နေရသည်။
မပြောလို့ကလည်း ရှန်းကူးတစ်ယောက်ပဲတိုင်ပင်ဖော်ရှိတာမို့ မဖြစ်ပေ။

The frozen heart of the fire king (S-2) Completed Where stories live. Discover now