part 28

7.7K 1.1K 67
                                    


အိမ်ရှေ့စံထွက်သွားသည့်တိုင် လီရှန်းမှာဒူးထောက်ရက်နှင့်ရှိနေဆဲပင်...

"ခြေထောက်တွေနာကုန်တော့မယ်..."

ဖုန်းရွှမ်ထိုသို့ပြောရင်း ကူတွဲကာထစေလိုက်ပေမယ့် လီရှန်းကမျက်နှာချင်းမဆိုင်လာပဲ ခေါင်းကိုသာဦးကျိုးမတတ်ငုံထားလေတော့ ရင်ထဲတင်းခနဲဖြစ်သွားရသည်။

အစောလေးကတည်းက မျက်ရည်တွေကျနေတာ့မြင်ထားပြီးပြီပဲကို အဲလိုမျိုးခေါင်းငုံထားရုံနဲ့ရော ဒီလူကမသိတော့ဘူးတဲ့လား။

ထိုငုံထားတဲ့ခေါင်းကိုပဲ အသာမော့စေရင်းနဲ့ မျက်ရည်စတို့လက်နဲ့ဖိသုတ်ပေးမိတော့ ထိုကလေးကပိုလို့တောင်အငိုသည်းလားသေးသည်တဲ့။

"ဘာလို့များအမြဲတမ်းငိုနေရတာလဲ မင်းအဲလိုငိုနေရင်
ကိုယ့်ကိုကိုယ်အသုံးမကျသလိုခံစားရလွန်းလို့
ငါက မင်းကိုတောင်ပျော်အောင်မထားနိုင်ဘူးလား"

ထိုစကားကြောင့် ဖုန်းရွှမ်လက်တွေကိုငြင်းဆန်ပြီး ​ခေါင်းကိုတွင်တွင်ရမ်းကာဖြင့် မျက်ရည်တွေကြားထဲကပြုံးလာပါတဲ့သူ...

"အခု..ကျနော်ပျော်နေတာပါ
အရမ်းပျော်လွန်းလို့ အရမ်းကို...ပျော်လွန်းလို့
နာကျင်နေရတာပါ"

ပြောရင်း ပိုလို့တောင်အငိုသည်းလာကာ မျက်ရည်သွင်သွင်စီးကျနေတဲ့ထိုကလေးကို ဖုန်းရွှန်ဘယ်လိုနည်းနဲ့များချော့ရမှာတဲ့လဲ။

အကောင်းဆိုသည့်အရာတွေကို ထိုကလေးကိုပေးနိုင်ချင်ခဲ့ပေမယ့် လက်တလောမှာ မျက်ရည်တွေပဲကျနေစေမိတဲ့ကိုယ့်ကိုကိုယ် ​သွေးပွက်ပွက်အောင်အန်သွားအောင်ကို ထုရိုက်ပြစ်ချင်စိတ်ဝင်နေမိသည်။

မျက်ရည်သုတ်ပေးမယ့်လက်တွေကိုရှောင်ရှားနေတာမို့ ထိုကလေးကိုရင်ခွင်ထဲသိမ်းဖတ်ထားမိရင်းနဲ့ပဲ နှစ်သိမ့်ပေးနေလိုက်တော့ ထိုကလေးကရင်ခွင်ထဲကနေ ငိုသံတို့ရောစွတ်နေသည့်စကားအားဆိုလာသည်၊

"အဆုံးသတ်မှာကိုတောင်ကြောက်မိတယ်
အကုန်လုံး ထိခိုက်နိုင်တဲ့အဆုံးသတ်မျိုးဖြစ်လာမှာကို ကျနော်ကြောက်တယ်"

The frozen heart of the fire king (S-2) Completed Where stories live. Discover now