part 15

10.9K 1.6K 35
                                    

မီးနိုင်ငံတော်၏ အရှင်သခင်နှင့် လိပ်ပြာမျိုးနွယ်စုခေါင်းဆောင်၏ သမီးတို့၏မင်္ဂလာပွဲနေ့ပင်။

ထင်တာထက်ပိုပြီးမနက်စောစောထဲက မီးနိုင်ငံတော်ရဲ့နန်းတော်ထဲမှာလူရုပ်နေသည်။

ခမ်းနားမူ၊ လှပမူတွေက ညွန်းဖွဲ့လို့မကုန်လောက်သည့်အပြင်အဆင်တွေနဲ့
သေချာပြောနိုင်သည်က မီးနိုင်တော်သည် ​တော်တော်လေးကြွယ်ဝချမ်းသာသည်ဆိုတာကိုပင်။

လက်ဆက်ပွဲတွေမကြာခဏရှိသည့်တိုင် ဒါကပဲ မီးမျိုးနွယ်တွေအတွက် ပျော်စရာကောင်းသည့် ပွဲလမ်းသဘင်လည်းဖြစ်နေပုံရသည်။

မီးမျိုးနွယ်တွေမှာပျော်ရွှင်​နေသည်။
နန်းတော်ရဲ့နေရာအနံ့မှာလည်း တူရိယာသံတွေပြည့်နက်နေသည်။

မီးနိုင်ငံတော်တွင် လူသားတွေရဲ့တိုင်းပြည်တချို့လို စည်းကမ်းတင်းကျပ်ထားသည်ကမရှိ။
အားလုံးက အရှင်လေးယောက်ရဲ့စကားကိုပဲ
နာခံရသည်မို့
ဤသို့မင်္ဂလာပွဲတွေ ခဏခဏလုပ်နေသည့်တိုင် ကန့်ကွက်ရဲသူလည်းမရှိပေ။

မိဖုရားများစွာသည်လည်း အသာတကြည်သာ နုတ်ပိတ်နေကျရပြီး ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပေ။

မီးနိုင်ငံရဲ့ထူးဆန်းသည်တစ်ခုက လက်ဆက်ပြီးလို့မိဖုရားဖြစ်ရင်တောင် မည်သည့်အရာကိုမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပေ။
အခြွေရံတသိုက်နဲ့ ပြည့်စုံစွာနေရသည်ပဲရှိပြီး မိဖုရားဆိုသည့်အာဏာကားမရှိခဲ့။

ပြောရပါလျှင် လူသားတွေရဲ့ဘုရင်တွေစီက ကိုယ်လုပ်တော်သဘောမျိုးသာသက်ရောက်ခဲ့သည်။

သို့ဆိုလျှင်တောင် မီးနိုင်ငံတော်ရဲ့အရှင်သခင်ကို လက်ဆက်လိုသည့်မိန်းကလေးတွေက
များပြားစွာရှိနေသေးသည်။

ပုံမှန်အတိုင်းပင် ခါးသက်လှသည့် အပြုံးသဲ့သဲ့လေးကိုပဲလီရှန်းပြုံးနိုင်သည်။
မကြာခဏဆိုသလိုဟန်ဆောင်ရလွန်းလို့ စိတ်မပါပဲပြုံးရတာတောင် အသားကျချင်နေပြီဖြစ်သည်။

ရဲရဲတောက်နေတဲ့ခမ်းနားတဲ့ဝတ်ရုံရှည်ကြီးရယ်
မျက်စိပနံသင့်စေတဲ့ပါဝါနီရယ်...
အမဖြစ်သူက လှပနေမယ်ဆိုတာ အထူးဆန်းတော့မဟုတ်။
ပုဝါနီအောက်မှာလည်း အပြုံးတွေရှိနေမယ်ဆိုတာကိုလည်း ထွင်းဖောက်ကာမြင်နေရသည်။

The frozen heart of the fire king (S-2) Completed Opowieści tętniące życiem. Odkryj je teraz