part 26

7.9K 1.2K 15
                                    


မီးနိုင်တော်ရဲ့နေ့ရက်တွေက နွေးထွေးစိုစွတ်ခဲ့ပေမယ့်လည်း ဒီနေ့လိုအချိန်မျိုးမှတော့ခြောက်သွေ့၍နေတော့သည်။

စင်စင်တော့ ဒီနေ့ရဲ့အစောပိုင်းလေးကတောင်မှ မီးနိုင်ငံရဲ့လေပြေလေညင်းတွေက လှပနေခဲ့ပေမယ့်လည်း......

အသက်မပါတဲ့အပြုံးကိုပဲ လီရှန်းမချိစွာပြုံးရင်း သက်ပျင်းသဲ့သဲ့ချလိုက်ကာဖြင့်
စကားလုံးတချို့အားတိုးတိတ်စွာရေရွတ်လိုက်သည်။

ဖြစ်နိုင်ရင်တော့ ဒီထက်ပိုပြီးအတ္တကြီးချင်တာပေါ့..

ချင်းဖုန်းရွှမ်ဆိုတဲ့သူက
ဒီလူ့ရဲ့အပိုင်ပါဆိုပြီး ....
ဘာကိုမှလည်းဂရုစိုက်မနေပဲနဲ့ တလောကလုံးကိုကြေညာလိုက်ချင်တာပေါ့...

အဲလိုပဲဖြစ်သင့်တာမဟုတ်ဘူးလား....

ဘယ်သူမှမကြားနိုင်လောက်တဲ့ ထိုတိုးလွန်းလှတဲ့စကားတို့အဆုံးမှာတော့ အနွေးဓာတ်ပါတဲ့လေကိုတဝကြီးရူရိုက်ရင်း လီရှန်းအဆောင်သို့ပြန်လာခဲ့သည်။

လီရှန်းတည်းရာအဆောင်က
တိတ်ဆိတ်နေလျက်နှင့်..
သို့သော်လည်း အဆောင်ထဲတွင်တော့ လီရှန်းအားတစ်စုံတစ်ဦးကစောင့်ကြိုနေလေသည်။

ဦးစွာအနေနဲအံသြမူကြောင့် မေးခွန်းထုတ်ဖို့ကိုမေ့နေခဲ့သည်ဆိုသော်လည်း မကြာလိုက်ပါပဲထိတ်လန့်မူကိုခံစားလာရသည်။
တကယ်ဆိုအိမ်ရှေ့စံနဲ့ကဒီဘဝမှာစကားတောင်တစ်ခါမှမပြောခဲ့ဖူးလေ။
ပိုင်ဟွဲ့တောအုပ်ထဲကအဖြူရောင်မိစ္ဆာဖမ်းသည့်အချိန်တုန်းကပဲမျက်နှာချင်းဆိုင်မိရုံလေးပဲကို
အဆောင်ထဲမသိအောင်ဝင်နေရမယ့်ဆက်ဆံရေးမှမဟုတ်တာပဲကို။

လီရှန်းမှာတွေးရင်းနဲ့ပင်ထိန့်လန့်နေရင်း အမူယာကိုလည်းမဖုံးနိုင်မဖိနိုင်ဖြစ်နေရသည်။

မဟုတ်မှ အဲလိုတော့မဟုတ်ဘူးမလား...

"အိမ် အိမ်ရှေ့စံ..."

တုန်လူပ်စွာရေရွတ်မိတော့
အိမ်ရှေ့စံက ဟမ့်ခနဲ့အသံပြုလာပြီး
နုတ်ခမ်းဖျားအစွန်းတစ်ဖက်မှာလည်း
သိသိသာသာပင် ပင့်တတ်သွားလေသည်။

The frozen heart of the fire king (S-2) Completed Where stories live. Discover now