Chapter 32

2.3K 226 32
                                    

Unicode

"" အကို check in ဝင်မလားရှင့်""

"" ဟုတ်တယ် ညီမ""

""ဘယ် အခန်းယူမလဲရှင့်၊ ညီမတို့ ဆီမှာ..""

ဘာမှမစီစဥ္ရသေးဘဲ ထွက်လာခဲ့တာကြောင့်
ဒီတစ်ညအိပ်ဖို့ကတော့ စျေးအရမ်းမကြီးတဲ့
ဟိုတယ်အသေးလေးတစ်ခုမှာ ဝင်နေဖို့
ဝီလျံ စဥ္းစားလိုက်သည်။ မြည်လာသော
ဖုန်းသံကြောင့် ဖော်ရွေသည့်ဝန်ထမ်းမလေးမှာ
ရှင်းပြဖို့ အခွင့်မရဖြစ်သွားရသည်။
ခေါ်သည့်သူမှာ မရွှေရည်ဖြစ်နေတာကြောင့်
အစိမ်းရောင်ခလုတ်လေးအား အမြန်
ဆွဲလိုက်သည်။

""ဟယ်လို""

""ဝီလျံ ! ""

"" ဟုတ် ဟုတ်ကဲ့..""

အစောတလျင် ထွက်ပေါ်လာသောအသံကြောင့်
အရေးတကြီး တစ်စုံတစ်ရာမှန်း သိသာသည်။
ဝီလျံ ငြိမ်သက်စွာ ဂရုတစိုက်နားထောင်နေလိုက်သည်။

"" ထက်.. ပြန်ရောက်ပြီတဲ့..
အစ်မအခုတင်အဆက်အသွယ်ရတာ..""

ဝီလျံ recption ကိုအမြန်ပြန်သွားကာ
ပိုက်ဆံအိတ်ထဲမှ မှတ်ပုံတင်ကို ကောင်တာပေါ်
တင်ပေးလိုက်၏။

"" ညီမ အကိုတစ်ယောက်တည်းနေမှာ၊
အဆင်ပြေတဲ့အခန်း လုပ်ပေးပါနော်၊
အကိုအရေးတကြီး သွားစရာပေါ်လာလို့..""

""ဟုတ်ကဲ့၊ ရပါတယ်ရှင့်""

ဝန်ထမ်းမလေးက မျက်နှာမပြောင်းလဲ၊
ပြုံးပြုံးဖြစ်သာ ဖြေ၏။

ဝီလျံ ဖုန်းကို နားပြန်ကပ်လိုက်ကာ..

""ကျွန်တော် အခုသွားမယ် ""

""ဟဲ့ ဟဲ့ နေဦး.. ဟင်း ဖုန်းချသွားပြီ။
သူ့ ဒယ်ဒီပါ ပါလာတယ်လို့ မပြောလိုက်ရဘူး""

ရွှေရည် စကားမပြီးလိုက်သည်ကိုသိသော်လည်း
ဖုန်းက ချပြီးနေ၍ ဝီလျံပြန်မခေါ်တော့။
ဟိုတယ်ကထွက်ကာ တက်စီငှားပြီး
မိုးထက် တိုက်ခန်းသို့သာ ရှေးရှု၏။

အကိုက သူအဆင်မပြေဆုံးအချိန်တွင်မှ
တိုက်တိုက်ဆိုင်ဆိုင်ပြန်ရောက်လာသည်။
အကောင်းတွေးရရင် သူ့အတွက်အားလည်း
ဖြစ်သလို အဆိုးအနေနဲ့ အကို့ကို အခုလို
အခြေအနေ ထဲမှာလည်း စိတ်မဆင်းရဲစေချင်။
သူက လူစောင့်ကြည့်ခံရတာတွေ အသားကျ
နေပေမယ့် အကိုကတော့ သာမာန်လူမို့
သူစိတ်ဆင်းရဲသွားမှာ မလိုလားဘူး။
နောက်ပြီး ဒီကိစ္စတွေကြောင့် သူ့ကိုထပ်ပြီး
စိတ်ဆိုးသွားရင် ဘယ်နှယ့်လုပ်မလဲ။

AGAIN [ 2Moe Season 2 ]Where stories live. Discover now