Chapter 22

2.1K 253 37
                                    

Zawgyi

""အကို ကျွန်တော့်ကို ထားသွားပြီထင်တာ..""

ဆွဲဖက်ထားသောကြောင့် မိုးထက်ပိုင်
အနည်းငယ် တွန်းလိုက်သည် ။

ဤသည်မှာ အမှန်စင်စစ် မိုးထက်ပိုင်၏
ပိစိညှောင့်တောင့် မာနလေးသာဖြစ်သည် ။
ခဏတာ ဟန်လုပ်တွန်းပြီးတာနဲ့ မိုးထက်ပိုင်က
ဝီလျံ့ပုခုံးပေါ် မေးတင်ကာ လုံးလုံးငြိမ်သက်
နေဆဲ ။ သူစိတ်ယိုင်နေတဲ့ လူရဲ့ ရင်ခွင်ထဲက
ဘယ်နည်းနဲ့မှ သူမထွက်ချင် ။
ဝီလျံ့ကို တွယ်ကပ်မိနေတဲ့ သူ့စိတ်ကို
ကိုယ်တိုင်လက်ခံပြီးတဲ့နောက် ဟန်ဆောင်
ခြင်းတွေ ဆက္မလုပ်နိုင်တော့တာပင် ။

ခဏကြာတော့ ဝီလျံက မိုးထက်ပိုင်ကိုယ်လေးကို ဖြည်းဖြည်းလေး ပြန်ခွာ ၊ ပုခုံးပေါ်က သူ့လက်ကိုလည်း အသာလေး ချကာ ခေါင်းငုံ့နေ၏။
မိုးထက်ပိုင်မှာ သူ့ကို ပိုင်စိုးပိုင်နင်း လုပ်သွား
တဲ့ ဝီလျံ့နှုတ်က တစ်ခုခုထွက်လာဖို့
စောင့်စားနေလျက် ။ သို့သော် ..

""ကျွန်တော်... ပြန်တော့မယ်""

ဝီလျံမှာ ထိုတစ်ခွန်းသာပြောပြီး မိုးထက်ပိုင်
ရှေ့မှောက် ကနေ အလင်းရဲ့အလျင်နဲ့
ချက်ချင်းကိုပင် ပျောက်သွားတော့သည် ။

မိုးထက်ပိုင် အမှန်တကယ်ပင် ကြောင်အ
သွားရတော့သည် ။ အံ့ဩလွန်း၍ နှုတ်ခမ်းပါး
နှစ်လွှာက မထိပိတ်နိုင် ။ လေးကန်စွာပင်
တံခါးကို ပြန်ပိတ်လိုက်ပြီး ...

""ဒီသောက်ရူးကောင် အိမ်ထိလိုက်လာပြီး
ဒီတိုင်း ပြန်သွားတာလား အားးး
ဝီလျံဖြိုး !!! ငါသွားမယ် ! ငါသွားမယ် !
ငါ အခုချက်ချင်း စင်္ကာပူသွားတော့မယ်
ဒီ ကောင့်ဆီက ငါက ဘာမျှော်လင့်ပြီး
ခရီးကိုတောင် ဖြတ်ပစ်လိုက်တာလဲ !
မိုးထက်ပိုင် မင်းရူးနေပြီ""

မိုးထက်ပိုင် ဆိုဖာပေါ် ဝမ်းလျားမှောက်ကာ
ဆိုဖာကို လက်နဲ့တစ်ဖုန်းဖုန်းထုရင်း
ပေါက်ကွဲတော့သည် ။

ပြန်စဉ်းစားကြည့်တော့လည်း ဒါက
မိုးထက်ပိုင် အသိလွတ်သွားမှုတစ်ခုပါပဲ။
ဝီလျံ့ဂရုစိုက္မှုတွေမှာ ပျော်ဝင်ပြီး
ကိုယ်တိုင်မထိန်းချုပ်နိုင်တော့ဘဲ
အခြေအမြစ်မရှိတဲ့ မျှော်လင့်ချက်
တစ်ခုကို အသက်သွင်းစေသည် ။
တကယ်ဆို ဝီလျံ့မှာ နှောင်းမေခ ရှိတာလည်း
သူမသိတာ မဟုတ် ။ ဝီလျံ သူ့ကို မျက်နှာသာ
တွေပေးနေတာကလည်း ဘာကြောင့်မှန်း
အဖြေရှာမရ ။ ဒီတိုင်း အကိုတစ်ယောက်လို
သတ်မှတ်လို့လား ။ ခင်မင်ချင်လို့လား ။
သူ့ဘက်က ရိုးသားပေမယ့် ကိုယ့်ဘက်က
ခံစားချက်တွေ ထူးကဲကုန်ပြီ ။

AGAIN [ 2Moe Season 2 ]Where stories live. Discover now