Chapter 29

1.8K 243 42
                                    

Zawgyi

"" ပြန်တော့မလို့လား ""

သုံးရက်ခရီးကို တစ်ရက်စောပြီး ပစ္စည်းသိမ်းနေတာကြောင့် မိုးထက် မေးလိုက်သည်။
ဝီလျံက အိတ်ဇစ်ကို ပိတ်လိုက်ပြီး

"" နည်းနည်းလေးတာလေးတွေကို မန်နေဂျာနဲ့အပ်ခဲ့မှာ၊ ရန်ကုန်ပြန်ယူသွားဖို့၊ ကျွန်တော်ကတော့ ဝင်စရာလေးရှိသေးလို့၊ ခွင့်လည်း
မယူချင်တာနဲ့ ဒီတစ်ရက်ကိုသွားဖို့အချိန်ပေးလိုက်တာ ""

"" ဪ ..""

ဝီလျံ ပေါ့ပေါ့ပါးပါး လွယ်အိတ်တစ်ခုထဲ
အသုံးလိုသည့် ပစ္စည်းများသာ ထည့်ပြီး
လွယ်လိုက်သည်။ အကိုကတော့ အရင်ပြန်မှာကို သဘောမကျဘူးထင်သည်။ အောက်နှုတ်ခမ်းက
ပုံမှန်ထက်ရှေ့ရောက်နေသလိုပင်။ ကုတင်ပေါ်
ထိုင်ကာ ဘာမှမပြောတော့ဘဲ ဖုန်းသုံးနေတော့သည်။

တကယ်က ဘယ်သွားမှာလဲ ဘယ်ဝင်မှာလဲ၊
ဘာလို့ ကြိုမပြောတာလဲ စသဖြင့် မိုးထက်ပိုင်မှာ
စိတ်ထဲ အခါတစ်ရာလောက် ရစ်ပြီးနေပြီဖြစ်သည်။ သို့သော် ဤအတောအတွင်း
ရင့်ကျက်အောင် ကြိုးစားခဲ့တာတွေက
ဒါတွေကို စိတ်ရှိတိုင်း ထုတ်မပြဖို့ပဲ
မဟုတ်လား။ ပြီးတော့ ဝီလျံက သူသာ
စိတ်ဆိုးရင် ဖန်တစ်ရာထပ်အောင်ရှင်းပြမည်ကို
သိပြီးဖြစ်၍ သိသိရက်နဲ့ မဆိုးသွမ်းချင်ပါ။
ဝီလျံ့ရှေ့မှာ မိုးထက်ပိုင်ဟာ လူကြီးလူကောင်း
တစ်ယောက်သာ ဖြစ်ချင်ပါသည်။

ရုတ်တရတ် ငုံ့ကိုင်းလာသော​ကြောင့်
ချက်ချင်းမတုံ့ပြန်နိုင်ခင် ဝီလျံက သူ့နှုတ်ခမ်းကို
မိုးထက်ပါးထက်၌ အခြေချပြီးပြီဖြစ်သည်။
တစ်ယောက်ယောက်နမ်းတာမခံရတာ
ဘယ်လောက်တောင်ကြာနေပါပြီလဲ။

ဝီလျံက ကိုယ်ကိုပြန်မတည့်မတ်သေးဘဲ
ကုတင်ကို လက်ထောက်ထားတာ
မျက်နှာချင်းဆိုင်ကာဆို၏။

"" စိတ်မဆိုးနဲ့နော်၊ ကျွန်တော်နှလုံးအလှူရှင်
မိသားစုကို သွားတွေ့မလို့ပါ။ ပြန်လာရင်
အကို့ဆီ တန်းလာခဲ့မယ်""

လက်တစ်ဖက်ဖြင့် မိုးထက်ခေါင်းကို
အုပ်ကိုင်ကာ နဖူးကို တစ်ချက်နမ်းကာ
ပြန်ထသွား၏။ မိုးထက်ပိုင်မှာ ဘာစကားမှ
ပြန်မပြောဖြစ်။ အနေရခက်ခက်နှင့် နှုတ်သာ
ဆိတ်နေမိ၏။ ဝီလျံကတော့ သူအမြဲလုပ်ချင်နေခဲ့တဲ့ အရာကို လုပ်ခွင့်ရလိုက်လို့ အတောက်ပဆုံး
ပြုံးကာ လက်ပြနှုတ်ဆက်သွားသည်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now