Chapter 17

2.9K 274 29
                                    

Zawgyi

အအေးခွက်ကို မွှေနေတဲ့ မှုန်ကုတ်ကုတ်
မျက်နှာနဲ့ မိုးထက်ပိုင်ကို ရှိုင်း ရုပ်တည်နှင့်
လက်ပိုက် ကြည့်နေရသည်။

""အဲ့တော့ သူက မင်းCompanyက
DTL သက်သက် ပဲပေါ့""

""အဲ့တာအပြင် ဘာဖြစ်ရဦးမှာလဲ""

""ဘယ်သိမလဲ၊မသိလို့ ငါ့လိပ်စာကပ်တောင်
ပေးခဲ့သေးတယ်""

အအေးခွက်က အကြည့်က ရှိုင်းဆီရောက်
လာပြီး အပြင်ဘက် ကားရှုတ်နေသော
လမ်းမထက်သို့ ပြန်ပို့လွှတ်လိုက်သည်။

""မင်း အဆင်ပြေရဲ့လား""

""ဘာ မပြေစရာ ရှိလို့လဲ""

""သူ့ကိုမြင်ရင် မိုးစစ်ချီကို မြင်နေရသလိုပဲ
ဖြစ်နေမှာမဟုတ်ဘူးလား""

""ငါသူ့ကို ကိုစစ်လို့ တစ်ခါမှ မမြင်ဖူးဘူး။
ကိုစစ်က ငါ့အတွက်တော့ ဘယ်သူနဲ့မှ
မတူဘူး။ဘယ်သူနဲ့မှလည်း ယှဉ်လို့ရမှာ
မဟုတ်ဘူး။ကိုစစ်လို လူလည်းနောက်ထပ်...""

""ဟေ့ကောင် စိတ်လျှော့...""

ဒါက မိုးထက်ပိုင်အတွက် ခက်ခဲမယ်ဆိုတာ
ရှိုင်း သိပါသည်။အချစ်ဦး ၊ ရူးခဲ့ရတဲ့
အချစ်ဦးကို ဘယ်နည်းနဲ့မှ တစ်ခြားတစ်ယောက်ကို အစားထိုးမပေးနိုင်ပေမယ့် နေရာယူချင်ချင်
ဖြစ်နေတယ်ဆိုတာ မိုးထက်ပိုင်ရဲ့ အမူအယာ
တစ်ချို့က ညွှန်ပြနေသည်။

နာမည်တူမရှား လူတူမရှားဆိုစေဦးတော့
အဲ့တူတဲ့လူကိုပါ ဒီလို အချိန်အဆမှန်မှန်
တေ့ပေးလိုက်တဲ့ ကံကြမ္မာကိုတော့
ချီးကျူးမိတာ ဝန်ခံရမည်။

""မင်းကြည့်ရတာ ပင်ပန်းနေသလိုပဲ။
ဒီမှာ အလုပ်တွေများလား""

""Projectအသစ်လည်း winပြီး
ဖြည်းဖြည်းချင်း အကောင်အထည်ဖော်
နေပြီ။ အခုက ရုံးမှာ အထူးတလည် အရေး
စိုက်ရမယ့် ဟာတွေတော့ မရှိသေးပါဘူး။
ပုံမှန်အတိုင်းသွားနေတာပဲ""

""မင်း ခရီး ပြန်ထွက်ပါလား ""

""မြန်မာပြည် ပြန်ရောက်တာတောင်
တစ်လကျော်ပဲ ရှိသေးတယ်""

""မင်း နည်းနည်း ဝေးဝေး နေကြည့်ဖို့
လိုတယ်လေ""

စကားအဆုံးတွင် မိုးထက်ပိုင်၏
မျက်ဝန်းတို့သည် ရှိုင်းနှင့် ထပ်တူကျ
သွားတော့သည်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now