Chapter 3

3.5K 262 11
                                    

Unicode

နှစ်အနည်းငယ် ပိုင်ရှင်မရှိတဲ့အခန်းက
ပြောင်လက်နေဆဲပဲ။ မေမေက ပေါ့တဲ့အထုတ်
လေးတွေ ရွေးသယ်ပေးပြီး နေရာချပေး၊ဘာပေး
နဲ့ သူ့သားငယ်အိမ်ပြန်ရောက်တော့ မော်မဆုံးပေါ့။

"အစ်မမြတ်ရော မေ့"

"အလုပ်မှာပေါ့။ သားအဖေတော့ ကားရိုက်ရှိလို့
မန်းလေးရောက်နေတယ်။ ပြန်လာမှပဲ
အေးဆေးစကားပြောကြ။"

မေ ပြန်ထွက်သွားတာနဲ့ ပစ္စည်းတွေနေရာချ၊
အင်္ကျီတွေထုတ်နဲ့ အချိန်ကုန်မှန်းတောင်မသိ။

လှေကားတက်မုန်းတဲ့ ကျွန်တော်သည်
အောက်ထပ်မှ တစ်ခန်းတည်းသောအခန်းကို
အိမ်သားသုံးယောက်နဲ့ အပြိုင်လုထားခြင်း။

ရေချိုးခန်းတွဲပါတဲ့ အခန်းလည်းဖြစ်တာကိုး။
ပူစပ်စပ်နဲ့မို့လို့ ရေအရင်ချိုးလိုက်ပြီးသည်နှင့်
အလုပ်စားပွဲထိုင်ရသည်။

အခုမှ ပြန်ရောက်ခါစဆိုတော့ စားပွဲကရှင်းနေ
တယ်။နောက်နေ့မှ ဖိနပ်ဒီဇိုင်းအသေးလေးတွေ
စီပြီး တင်ရမယ်။ အရင်ဆုံး laptop ဖွင့်ပြီး
ကျန်ခဲ့တဲ့ အလုပ်အတွက် ဒီဇိုင်းလက်စသက်
ပြီး ပို့ရုံပဲ။

နှစ်ရက်လောက်ကမှ show ပွဲပြီးထားတော့
ဒီဇိုင်းဝယ်ချင်သူတွေက ဆက်သွယ်လာတယ်။

မရောင်းဘူး။ ဥထားတာ။

လက်က ကီးဘုတ်ကို မဖြုတ်သေးဘဲ
လာနေတဲ့ ဖုန်းကိုကိုင်လိုက်သည်။

"မောင်~~ ပြန်ရောက်နေပြီလား"

"အင်း.. မနက်တည်းက ရောက်တာ၊ နှောင်း
အလုပ်ထဲမှာဆိုတော့ ကိုယ်မခေါ်တော့
တာ။ အလုပ်များနေမှာ စိုးလို့။"

"အင်း~~အလုပ်ကတော့ ရှုတ်နေတယ် မောင်၊
MD ကလေ လူကဒီမရောက်သေးဘူး။
လေထဲကနေအရင် အမိန့်ပေးနေတာ။"

"ဟုတ်ပါပြီ ။ မနက်ဖြန်ကျမှတွေ့မလား။
ကိုယ်လည်း အခု အလုပ်လေးတွေကျန်
သေးတယ် ။ အလုပ်အသစ်အတွက်လည်း
နည်းနည်း လေ့လာရဦးမှာ မို့လို့.. နော်..နော်.."

"အလုပ်သစ်ကိစ္စ နှောင်း မသိရပါလား။"

"လျှို့ ဝှက် ချက်! "

AGAIN [ 2Moe Season 2 ]Where stories live. Discover now