Chapter 11

2.5K 239 20
                                    

Unicode

ညဦးပိုင်းဆိုတော့ ဆိုင်ကလူကျပ်နေသည်။
ထောင့်ဆုံးကျသော လေးထောင့်စားပွဲ
ကြီးကြီးတွင် လက်လှမ်းပြနေသော
ကျော့ကေသီတို့နား ဝီလျံက မိုးထက်ပိုင်ကို
လက်ဆွဲကာ ခေါ်သွားသည်။ဘောင်းဘီတို
နှင့်မိုးထက်ပိုင်ကတော့ ကလေးလေး
တစ်ယောက်လိုသာ ယက်ကန်ကာ ပါရသည်။

""လာ ဝီလျံထိုင်""

လေးထောင့်စားပွဲ၏ ထိပ်ဆုံးတွင် မနီလာ
ထိုင်နေပြီး မနီလာနှင့်နီးသော ခုံတွင်
ခိုင်မွန်နှင့် ကျော့ကေသီတို့က မျက်နှာ
ချင်းဆိုင်ထိုင်နေသည်။မခိုင်မွန်ရဲ့ဘေးတွင်
ကျော့ရှင်းသောအသွင်ဖြင့်နှောင်းကို
မြင်ရသည်။

""ဝီလျံက hostဆိုတော့ ထိပ်မှာထိုင်။
လာ ကိုမိုးထက်ပိုင် ညီမဘေးမှာထိုင်
နော်""ဟုဆိုကာ ကျော့ကေသီက သူ့ဘေး
ခုံကို ပုတ်ပြသည်။ပြီးတော့ တွဲထားတဲ့
လက်ကိုကြည့်သည်။မိုးထက်ပိုင် လက်ကို
ဆွဲချလိုက်တော့ ဝီလျံကပြန်လှည့်ကြည့်
သည်ကို မမြင်ချင်ယောင်ဆောင်ကာ
ကျော့ကေသီဘေး ဆိတ်ဆိတ်ဝင်ထိုင်လိုက်သည်။

""မှာထားကြပြီလား""

နှောင်း ကို မသိမသာ ခိုးကြည့်ကာ
ဝေ့ဝဲပြောလိုက်သည်။
ထိုခါနှောင်းက

""နှောင်းသွားယူပေးမယ်လေ""

""အစ်မလိုက်ပေးမယ်""

မနီလာနဲ့နှောင်းက အသားသွားရွေးရန်
ထွက်သွားကြသည်။

""ငါတို့ကဒီည သောက်မှာနော်။
ရတယ်မလား ဝီလျံ""

""ရပါတယ်။သောက်ပါ အစ်မရဲ့။
ကိုယ့်ဇာတ်သာကိုယ် နိုင်အောင်ကနိုင်ရင်
ကျွန်တော်ကမတားဘူး။သထှာပြီးသား""

ဝီလျံစကားဆုံးသည်နှင့် ဝိုင်းပေါ်တွင်
မြန်မာဘီယာပုလင်းများ စုပုံသွားတော့သည်။အခုချိန်ကြောင်တောင်တောင်
ဖြစ်နေတာက မိုးထက်ပိုင်။သူတို့က သူတို့
ဟာနဲ့သူတို့အဖွဲ့ကျနေကြတာ သူကဘာဝင်
ပြောရဦးမှာလဲ။ဝီလျံဖြိုးကိုသာ သူနုတ်နုတ်စဉ်းလိုက်ချင်လာသည်။
ကြံရာမရတဲ့အဆုံး ဖုန်းထုတ်သုံးနေလိုက်သည်။ဒါက နည်းနည်းတော့ အူကြောင်ကြောင် အခြေအနေကနေ ထိန်းပေးထားနိုင်မှာပါ။
သတိရလို့ဘေးကို ငဲ့ကြည့်လိုက်တော့
ကျော့ကေသီရှိ‌မနေ။ခိုင်မွန်ရောပါပဲ။
နောက်ပြီး ဝီလျံဖြိုးလည်းမရှိ။
တစ်ဝိုင်းလုံး သူတစ်ယောက်တည်းသာ။
ဆိုင်ထဲဝေ့ဝဲကြည့်လိုက်တော့ မိန်းကလေး
အုပ်စုက ဘာတွေသွားမှာနေကြမှန်းမသိ။
ဒါဆို ဝီလျံဖြိုးက ဘယ်ရောက်သွားပြန်
တာလဲ!

AGAIN [ 2Moe Season 2 ]Where stories live. Discover now