Chapter 1

7.8K 364 22
                                    

Unicode

"အဆင်ပြေလား မောင်။ အရမ်း အေးနေလား။"

"အင်း ပြေပါတယ်။"

စကား တစ်ခါပြောတိုင်း ပါးစပ်ကထွက်သွားတဲ့
အငွေ့တွေ။ ပြေပါတယ်သာ ပြောတာ၊
-2 °C က အရိုးထဲထိအေးသည်။

မာဖလာထူထူ ပတ်ထားသော်လည်း
ဥရောပရဲ့ အအေးဒဏ်သည် အရှေ့တိုင်းသား
ကျွန်တော့်အဖို့ မေးပင်ရိုက်ချင်သည်။

"ပြေတယ်သာ ပြောတယ်။နှာခေါင်းတွေ နားရွက်
တွေဆိုတာ နီရဲနေတာပဲ။ Hotel ပြန်ရောက်ရင်
ရေနွေးနွေးလေး သောက်ထားနော်။"

ကိုယ့်ဘက်က အအေးက ဖုန်း screen ကနေ
သူမဆီ ကူးစက်နေလားပင် မသိ။
ထပ်တူစိုးရိမ်စွာ ဆိုသည်။
အစ်မအရင်းဖြစ်သူ အစ်မမြတ်ထက်ပင်
ကျွန်တော့်အား ပို၍ဂရုစိုက်တတ်သူ။
နူးညံ့သိမ်မွေ့သော်လည်း မပျော့ညံ့တတ်သူ
နှောင်းသည် ကျွန်တော်လက်တွဲဖော်အဖြစ်
လျာထားခြင်းခံရသူ။

"အင်းပါ။ နှောင်း ဟိုမှာ ကိုယ့်ရဲ့အီဖယ်။
လှတယ်မလား။"

ဖုန်းကို အရှေ့ကင်မရာပြောင်းပြီး သူမကို
ပြတော့ ဝမ်းနည်းနေသည့်ပုံ။
နှောင်း က Paris ကို အချစ်မြို့တော်လို့
စိတ်ကူးယဉ်ထားပြီး ကျွန်တော်နဲ့အမြဲလာချင်
ခဲ့တာ။ မှတ်မှတ်ရရ Parisကို အခုတစ်ခေါက်နဲ့
ဆို သုံးခေါက်မြောက်နေသော်လည်း
နှောင်း နဲ့အခွင့်မကြုံသေး။

"လှတာပေါ့။ တော်ပြီကွာ။
ကြည့်နေရင် လေယာဉ်လက်မှတ်ဖြတ်မိလိမ့်
မယ်။"

"ဟဟား..ဟုတ်ပါပြီ။ ဒါဆို ဖုန်းချလိုက်ပါတော့
မယ် မမ ခင်ဗျ။ ကောင်းကောင်းအိပ်ပါဗျ။"

ဒီမှာ မိုးစင်စင်လင်းနေသော်လည်း ဟိုဘက်မှာက
သူမ အိပ်ချိန်မို့ ကျွန်တော်အလိုက်သိရမယ်လေ။

"ချွဲနေ ချွဲနေ..bye bye "

အသက်အရွယ်ရနေပြီဖြစ်တဲ့ နှောင်းက
အရှက်ကို စောင့်ထိန်းစွာ အချစ်စကား
တီတီတာတာ မပြောတတ်သည့်တိုင်
ကျွန်တော်သည်လည်း ချွဲတတ်ရွဲတတ်
နှစ်ဆယ်စွန်းစ ယောက်ျားသားတွေထဲမပါ။

ဒါကလည်း ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်
ကြောင့်လည်းပါမည်။ အရှက်အကြောက်
ကြီးတတ်တဲ့ အစ်မမြတ်က ဖေဖေတို့အတွက်
သမီးကြီးပီသသော်လည်း ကျွန်တော့်ကို
သားယောက်ျားလေးအခွင့်ထူးအဖြစ် ဖြစ်ချင်
သည့်ဆန္ဒကို ရေခြားမြေခြားထိ ပညာသင်စေ
ခြင်းဖြင့် ထောက်ပံ့သည်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now