Chapter 4

3K 259 13
                                    

Unicode

"ကျွန်တော့်နာမည် မိုးထက်ပိုင် ။ စင်ကာပူ
ရုံးချုပ်ကနေ တိုက်ရိုက်ခန့်အပ်ခြင်းခံရတဲ့
Managing Director ။ အလုပ်ထဲမှာ
CEO က ကျွန်တော့်အဖေမဟုတ်ပါဘူး ။
ကျွန်တော့်ကိုလည်း သားလို့သတ်မှတ်မှာ
မဟုတ်ဘူး ။ကျွန်တော်က သူ့အလုပ်သမား
အဖြစ်နဲ့ပဲ တာဝန်ယူထားတယ် ။
နာမည်ကိုခေါ်နိုင်သလို MD လို့လည်း
ခေါ်နိုင်ပါတယ် ။ အခု တစ်ယောက်ချင်းစီ
ကျွန်တော့်ကိုမိတ်ဆက်ပေးပါ ။
ဦးဝေမထနဲ့တော့ ။ ခင်ဗျားက ကျွန်တော်သိ
တယ် ။"

နှောင်း မိုးထက်ပိုင်ဆိုသူကို သေချာအကဲခတ်
နေသည် ။ သူမ သိသလောက် မိုးထက်ပိုင်က
CEO ရဲ့ တစ်ဦးတည်းသောသား ။
စင်္ကာပူမှာ ဘွဲ့ရထားတဲ့သူ ။
မြန်မာကို မလာဖူးတော့ ဒါဟာ ပထမဆုံး
တွေ့ဆုံမှုပဲ ။

အစည်းအဝေးက ဌာနဆိုင်ရာအကြီးအကဲ
တွေပဲဖြစ်နေတော့ ဆယ်ယောက်ကျော်
လောက်သာ ရှိသည် ။

"ကျွန်မက ခိုင်မွန်ပါ ။ Ass Finance Manager ပါ ။ "

အလုပ်ချိန်ကြီး လက်ထဲမှာ ဖုန်းနဲ့
လက်ပူးလက်ကြပ်မိထားတဲ့ ခိုင်မွန်ဟာ
ကိုမိုးထက် မျက်နှာကို စေ့စေ့မကြည့်ရဲသေး ။

ကိုမိုးထက်သည်လည်း ဝင်လာတည်းကအတိုင်း
မျက်နှာအမူအယာက ပြောင်းလဲမှုမရှိ ။
စိတ်ဆိုးနေသည်လည်းမဟုတ် ။

"ကျွန်မက Finance Manager နှောင်းမေခ
ပါ ။ "

"မနှောင်းမေခ ၊၊ ရုံးက ကျယ်တယ် ။ ကျွန်တော့်
မှာ မျက်စိနှစ်ဖက် နားနှစ်ဖက်ပဲ ရှိတယ် ။
မန်နေဂျာဆိုတဲ့ position တစ် ခုနဲ့
ထိုက်တန်တဲ့ လူမျိုးကိုပဲ ကျွန်တော်
လိုချင်တယ် ။ ခုနက တွေ့ခဲ့သလိုအခြေအနေ
မျိုးဆိုရင် မနှောင်းမေခမှာ တာဝန်အပြည့်ရှိ
တယ် ။ ခင်ဗျားတို့က ကျွန်တော့်မျက်စိနဲ့
နားတွေပဲ ။ ကျွန်တော် ယုံကြည်ချင်တယ် ။"

"နောက်တစ်ခါဆင်ခြင်ပါ့မယ် ။"

"နောက်တစ်ခါ ဆိုတာမျိုးကို မလိုချင်တာ ။
ထိုင်ပါ ။"

နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည် ။
အချိန်အနည်းငယ် နောက်ကျနေပြီ ။
အတွင်းရေးမှူးက ဘယ်အချိန်လာမလဲ
မသိ ။

AGAIN [ 2Moe Season 2 ]Where stories live. Discover now