Chapter 2

4.4K 301 24
                                    

Unicode

"မင်း ဒီမှာပဲလာနေနေတာ၊ စာမလုပ်ဘူးလား။"

"မသွားချင်ပါဘူး။ကိုစစ်ကဒီလိုဖြစ်နေတာ
ကျွန်တော်က ဘယ်လိုလုပ် စာကျက်နိုင်မှာလဲ။"

cell အသစ်တွေထပ်မထုတ်နိုင်တော့တဲ့
ခန္ဓာကိုယ်က သိပ်ပြီးရှည်မလာတော့သော
လက်သည်းများကို ဟန်ဆောင်ပန်ဆောင်
ညှက်ပေးနေမိသည်။

"ကိုစစ်တောင် ကျွန်တော့်ကြောင့် တစ်နှစ်အကျ
ခံထားတာပဲ။ ကျွန်တော်လည်း ဒီနှစ်အကျခံ
လိုက်မယ်။"

"ဒီတစ်ခေါက်အိမ်ပြန်ဖြစ်ရင် ဒိုင်ယာရီစာအုပ်
လေး ယူလာပါဦး။ ငါမင်းကိုမှာစရာရှိတာတွေ
မှာခဲ့လို့ရအောင်။"

"ဘယ်လိုစကားကြီးလဲဗျာ။ ကိုစစ် ရိုးတွင်းခြင်စီ
အစားထိုးခွဲစိတ်လိုက်ရင် ကောင်းသွားမှာပါ။
စောင့်ဆိုင်းစာရင်းထဲမှာလည်း ထည့်ထားတယ်။
မကြာခင်....ပြန်ကောင်းလာမှာပါ။"

လက်ကို ဆုပ်ကိုင်ထားသော သူ့လက်ပေါ်သို့
ပြန်ပြီး အုပ်ကိုင်ပြီး ရေးရေးသာ
ပြုံးပြမိသည်။
ဘယ်တော့မှ ဒီကောင်လေးကို
တစ်ယောက်တည်းထားခဲ့မှာ မဟုတ်ပါ။

ဘယ်တော့မှငါ့ကိုမမေ့ပါနဲ့..
တစ်ယောက်ယောက်နဲ့မင်းချစ်နေလည်း..
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်
တစ်နေရာလောက်တော့
မင်းငါ့အတွက်ချန်ထားပါ..

[မိုးစစ်ချီ]

>>>>>><<<<<<

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က
ဒီနေ့မှ လူတော်တော်ရှုတ်နေသလိုပဲ။
ဒီတစ်ခေါက်ပြည်တော်ပြန်ခရီးက သိပ်ထူး
ခြားတာတော့ မရှိလောက်ဘူးမလား။

မဟုတ်ဘူး ရှိတယ်။ ကင်မရာတစ်လုံးစီ
ထမ်းပြီးပြေးလာတဲ့ သတင်းထောက်တွေ
ကြောင့် တစ်ခုခုလုပ်ဖို့ဦးနှောက်ကို အလုပ်
ပေးတော့ သူလည်းပူထူနေပြီ။
ဘာအကြံမှ ထွက်မလာတော့ ဝင်လာသမျှကို
အောင့်အီးပြီး ပြုံးပြလိုက်သည်။
မေးခွန်းတွေကို ငံ့လင့်ရင်း..

"ဝီလျှံ ဒီတစ်ခေါက် မြန်မာကို ဘယ်လိုရည်ရွယ်
ချက်နဲ့ ပြန်လာတာပါလဲ။"

"မြန်မာပြည်မှာ ပွဲလုပ်ဖို့အစီအစဉ်ရှိလို့လားရှင့်။"

"ဒီတစ်ခါအပြီးပြန်လာတာလား ခင်ဗျ။"

AGAIN [ 2Moe Season 2 ]Where stories live. Discover now